"ရစ်ခီ!"
ရစ်ခီသည် ခေါ်သံပိုင်ရှင်ကို လှည့်ရှာကြည့်တော့ အစ်ကို။
"အစ်ကို ဒီကိုဘယ်လိုလုပ်?"
သူ မထင်မှတ်ထားလို့ အံ့သြသွားသည့်ပုံကိုမြင်တော့
အစ်ကိုသည် ခပ်ယောင်ယောင်လေးပြုံးသည်။"ကိုယ့်အသိပါမောက္ခတစ်ယောက်နဲ့လာတွေ့တာ"
"အာ"
ရစ်ခီသည် ဘာစကားစရမှန်းမသိသလို
ခပ်လေးလေး။သူသည် နဂိုကတည်းက
ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတဲ့ လူတော့မဟုတ်။ အမြဲတသီးတသန့်နေခဲ့တာများသည်။
သီးသန့်ဆန်တဲ့သူ့ဘ၀ထဲကို အတင်းတိုး၀င်လာဖူးသူက ဂယူဗင်းတစ်ယောက်တည်းသာရှိဖူးသည်။"ရစ်ခီ ကိုယ်နဲ့ နေ့လည်စာအတူတူစားကြမလား"
"ဗျာ?"
ရစ်ခီသည် အချိန်ကိုက်၀င်လာသည့်
ဖုန်းကိုကြည့်ကာ ချီတုံချီချ။ဟန်ဘင်းကိုငြင်းဖို့လည်း အခက်တွေ့နေသလို၊ဖုန်းကိုင်ဖို့လည်း
သူ့အရိပ်အကဲကြည့်နေပုံရသည်။
ရစ်ခီ ဘာလို့အဲလိုဖြစ်နေမှန်း ဟန်ဘင်းနားလည်ပါသည်။ မနက်တုန်းက သူအိမ်ကမထွက်ခင်
ဂယူဗင်း ဖုန်းဆက်ပြီး ရစ်ခီနဲ့နေ့လည်စာစားဖို့
ချိန်းနေတာကို ကြားလိုက်သည်လေ။ အခုလည်း
ရစ်ခီက နေ့လည်စာထွက်စားမည့်ပုံ။"အစ်ကိုလာတဲ့ကိစ္စကရော"
ဂယူဗင်းဆီကလာတဲ့ဖုန်းကို အသာထားကာ
အစ်ကိုကို့အရင်မေးရသည်။"ရစ်ခ်နဲ့ နေ့လည်စာအတူစားရဖို့လောက်
အရေးမကြီးဘူးလားလို့"အစ်ကိုပြောနေရင်း နှာတစ်ချက်ရှုံ့ပြသည်။
ဘာကြောင့် ဒီလိုလုပ်ပြလဲ ရစ်ခီ နားမလည်ပေမဲ့ ရုတ်တရက်ဆိုတော့ ကြောင်လေးတစ်ကောင်အတိုင်း။ဂယူဗင်းကသူ့ကို ကြောင်လေးနဲ့
တူတယ်လို့ပြောဖူးတာကို အခုကြည့်လိုက်တော့
ရစ်ခီထက်စာရင် အစ်ကိုက
ကြောင်လေးနဲ့ ပိုတူနေသလားလို့။"ရစ်ခ် မအားလည်းရတယ်၊ကိုယ်က ကိစ္စမရှိဘူး
တစ်ယောက်တည်းစားနေကျဆိုတော့"
YOU ARE READING
From The Start
FanfictionOnly love can hurt like this Paloma Faith ♥︎ ⇄ ◁◁ 𝚰𝚰 ▷▷ ↻ ⁰⁰'²⁵ ━━●━━───── ⁰²'⁰⁸