Part 2

27 3 0
                                    


သန္ဒေ ကလေးကိုထမင်းစာပွဲနားကထိုင်ခုံပေါ်မာချလိုက်သည်။
ခြယ်ရောင်လင်းလဲဘာမှထပ်မပြောတော့ဘဲ ထမင်းစားပွဲပေါ်မာအဆင်သင့်ရှိ နေတဲ့ထမင်းနဲ့ဟင်းတွေကိုဘဲထိုင်စားတော့သည်။
သန္ဒေကတော့ ကလေးစားနေတာကိုဘဲကြည့် နေသည်။ကလေးစားနေဟည့်ပုံက  ငတ်ကြီးကျနေတဲ့အတိုင်းဘဲ တစ်ခါတစ်လုပ်စားရင် ပါးစပ်ထဲကိုနစ်ယောက်၊သုံးယောက် စာလောက်ထည့်စားသည်။
ပါးစပ်ထဲထည့်လိုက်တဲ့အစားအစာများလွန်းလို့ ပါးလေးတွေကဖောင်းဖောင်းလေးဖြစ်နေ၏။
သန္ဒေ ကလေးပါးကိုထိကာ

"ကိုယ်ကလေးကိုဒီအိမ်ကလူတွေနဲ့မိတ်ဆက်ပေးမယ်"

"စစ်ဦး ခေါ်လိုက်သူတို့ကို"

"ဟုတ် boss"

စစ်ဦး‌မနေ့ကနေ ဒီမနက်အံဩနေရသည် ။ boss ဟာ ထိုကောင်လေးကိုပွေ့ပြီး ထမင်းစားခန်းထိတောင်ခေါ်လာသည်။
ခြယ်ရောင်လင်း တစ်ယောက်သူ့ဘေးမာ
လူချောလေးကိုဘဲသတိရပြီး ဘေးနားလူကိုမတွေ့မိခဲ့ဘူး။
ခနကြာတော့ ခြယ်ရောင်လင်းရှေ့ကို လူလေးယောက်ရောက်ရှိလာသည်။

"ကလေး ဒီးရှေ့ကအန်တီကြီးက‌ကြီးကြီး လိုခေါ်တယ် ဒီဘက်က မေနွယ်လို့ခေါ်တယ် ပြီးတော့ဒီဘက်ကလူက ဦးဝင်လို့ခေါ်တယ် ဒီဘက်ကစစ်ဦးကိုယ်ရဲ့လက်ထောက်ပေါ့ တစ်ခုခုလိုချင်တာရှိရင်သူတို့ကိုပြောလို့ရတယ်"

"ဟုတ် ကိုကို"

ခြယ်ရောင်လင်းသူပါးစပ်ကနေကိုကိုလိုထွက်သွားသည်ကိုအံဩလို့မဆုံး ခေါ်ခံရတဲ့ဖက်ကရောကြိုက်ပါမလာမသိဘူး။
သန္ဒေ ကို ကလေးက*ကိုကို*တဲ့ ။ထိုချိန်
သန္ဒေရဲ့ နှလုံးသားဟာအမည်မသိစွာ ရင်ခုန်‌လာခဲ့သည်။

"ဟိုကိုကိုက ကျွန်တော်ထက်အသက်ကြီးမယ့်ပုံမလို ကိုကိုလို့ခေါ်တာပါ မကြိုက်ရင်မခေါ်တော့ပါဘူး"

"ခေါ်လိုရတယ်"

"တကယ်ခေါ်လိုရတာလာ......ကျေးဇူးပါကိုကို"

"အဲတာဆို ကလေးအဆင်ပြေသလိုနေလို့ရတယ်နော်"

ဆိုပြီးသန္ဒေ စစ်ဦးတို့ဘက်လှည့်ပြီးသွားလို့ရပြီးလိုက်လက်ပြလိုက်သည်။ အလုပ်သမားများလဲ သူတို့နေရာကိုပြန်သွားကြသည်။

You're my only loveWhere stories live. Discover now