𝑨𝒈𝒂𝒊𝒏 EP-1

223 20 0
                                    


"ငါတို့လမ်းခွဲရအောင်မြောင်ဟို"
"မင်ဂယူ ငါ့ကို နောက်နေတာမလား"

"မဟုတ်ဘူး မြောင်ဟို အတည်ပြောနေတာ"

"ပါးပြောသွားတယ်မလားမင်းကို ပါးက ဘာပြောတာလဲ ငါပါးကိုချက်ချင်းပြန်ပြောမှာမလို့"

"မြောင်ဟို ငါတို့ဒီမှာတင်ရပ်တန့်လိုက်ကြရအောင် ငါ့ဘက်က ဒီဆက်ဆံရေးကို ညီးငွေ့နေပြီ"

"ကင်မ်မင်ဂယူ စောက်ရူးထမနေနဲ့ ငါပြောပြီးပြီလေ ငါ ပါးပြောတာကို မင်းစိတ်ထဲ ထည့်မနေနဲ့ အဓိက ငါတို့နှစ်ယောက်ပဲလေ ပြီးတော့ ငါအကုန်ဖြေရှင်းပေးမှာဖြစ်လို့ ကျေးဇူးပြုပြီးပါ ငါ့ကို ယုံပေးပါ ငါရဲ့လက်ကို ဖြုတ်မချသွားပါနဲ့မင်ဂယူ ငါတောင်းဆိုတာပါ"

သူဘယ်လောက်တောင်းဆို တောင်းပန်ပါစေ သူ့အား လမ်းခွဲရအောင်ဆိုသည့်စကား ပြောကာ လှည့်မကြည့်ပဲ ထွက်သွားသူ

"မင်ဂယူ ကျေးဇူးပြုပြီးပါကွာ မင်းငါ့ကိုချစ်တယ်ငါလဲမင်းကို ချစ်တယ် ပြီးပြီလေ ငါတို့ ပတ်၀န်းကျင်ကို ဂရုစိုက်စရာမလိုပါဘူး မင်းဆန္ဒရှိရင် ငါမိသားစုထဲကပါ ထွက်မှာမလို့ ငါ့ကို မထားခဲ့ပါနဲ့"

မင်ဂယူနောက်ပြေးလိုက်ကာ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ သူ့ရဲ့လက်ကိုဆွဲကာ မျက်ရည်များကျကာတောင်းဆိုနေသော မြောင်ဟိုပါ ကံတရားက မျက်နှာသာ မပေးဘူးပဲပြောရမလား ကင်မင်ဂယူဟု သူ့လက်ကိုဖြုတ်ချကာ ထွက်သွားခဲ့သည် အခြားသော အတွဲများအတွက်ပျော်ရွှင်စရာနေ့ဖြစ်သော်လဲ သူ့အတွက်တော့ အဆိုးဆုံးနေ့ပင် ဒီနေ့က Valentine's Dayပင်

ဘ၀ရဲ့အချစ်ဆုံးသူက သူ့အားစွန့်ပစ်တဲ့နေ့ပင် အရာအားလုံးကို ဆုံးရှုံးရတဲ့နေ့ပင် ထို့ကြောင့်သူ Valentine's day ကို မုန်းသည်

ထိုနေတွင် ညနေ၆နာရီအထိ သူထိုင်နေမိသည် မလှုပ်ပဲနဲ့ သူ့၏ပျော်ရွှင်ဖို့ကောင်းသော နေ့ရက်များကိုလဲ ပြန်တွေးနေမိသည်

"လုပ်ရက်တယ် ကင်မ်မင်ဂယူ ငါမင်းကိုရော Valentine's day ကိုရော မုန်းတယ်"

ကင်မင်ဂယူနဲ့မြောင်ဟိုသည် Uni နောက်ဆုံးနှစ်ဖြစ်ကု လက်ရှိက ကျောင်းပိတ်ရက်ပင် ကျောင်းဖွင့်တာနှင့်သူတို့ ဘွဲ့ယူရတော့မည် မြောင်ဟိုနှင့်သူက ဒုတိယနှစ်ကတည်းက စတွဲခဲ့ကြတာပင် မြောင်ဟို့ ဘက်ကသူ့အားတွဲရန်စပြောခဲ့ချင်းပင် မင်ဂယူကတော့ပုံမှန်လူလတ်တန်းစား မိသားစုကပင် မြောင်ဟိုကတော့ မွေးလာကတည်းက ရွှေဇွန်းကိုက်ကာ မွေးလာသည့်သူ
ပင် သူတို့ နှစ်ဦးရဲ့ နေ့ရက်ကများက လွန်စွာ ချိုမြိန်သလို ပျော်စရာလဲ အလွန်ကောင်းသည် ထိုနေ့မရောက်ခင်အထိပေါ့

𝑨𝒈𝒂𝒊𝒏Where stories live. Discover now