"အချစ်ဆိုတာဘာလဲ"ဆို ကျွန်တော့အတွက်အချစ်က ကျွန်တော်စားနေကြ မုန့်တွေလောက် အပြည့်အဝပျော်ရွှင်မှုပေးနိုင်လိုက်မယ်လို့မထင်...
ကျွန်တော့အတွက်ရည်းစားထားခြင်းကလည်း အရေးမပါတဲ့အခန်ကဏ္ဍတစ်ခုပင် ကျွန်တော့်ဘဝရဲ့အရေးပါဆုံးကကျွန်တော့်၏မေမေပဲ ဟုတ်သည် ကျွန်တော်လူမှန်းသိတတ်ကာစအရွယ်ကတည်းမှာပင် အဖေဖြစ်သူကကျွန်တော်နှင့်မေမေ့ကို စွန့်ပစ်သွားခါ နောက်ထပ်အိမ်ထောင်တစ်ခုကိုခပ်လွယ်လွယ်တည်ဆောက်လိုက်ခြင်းကြောင့်ဖြစ်သည် ဖေဖေကျွန်တော်တို့ကိုထားပြီးထွက်သွားခဲ့သည့်နောက်ပိုင်းမှစ မေမေဟာသူတတ်ကျွမ်းသည် အချက်အပြုတ်ပိုင်းပညာဖြင့် စားသောက်ဆိုင်လည်းတစ်ခုဖွင့်ထားပြီး အိမ်ရဲ့စားဝတ်နေရေးကိစ္စအဝဝကိုမေမေကပဲဦးဆောင်စေ၏ မေမေသည်ကျွန်တော့်ရှေ့မှာသန်မာပြပြီး ကွယ်ရာမှာတော့ကျွန်တော်မသိအောင် ငိုနေတတ်သည် ဒါကြောင့် မေမေအတွက်မေမေစိတ်မပျက်စေရအောင် ကျွန်တော်ဟာမေမေရဲ့အားကိုးထိုက်တဲ့သားတစ်ယောက်ဖြစ်အောင် ကြိုးစားမည်။ အခုဆိုကျွန်တော်က အထက်တန်းနောက်နှစ်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့သည် ဒီနှစ်ပြီးရင် ကျွန်တော်တတ်ချင်တဲ့ အစားအသောက်ပိုင်းမေဂျာကိုရဖို့အတွက်အရင်နှစ်ကထပ်ပိုပြီး စာတွေပိလာသည် ဒို့ပေမယ့်စာတွေဘယ်လောက်ပဲပိနေပါစေ ပင်ပန်းသည်မရှိအောင်ကျွန်တော့်အနားတွင်စိတ်ပျော်ရွှင်ရာပေးတဲ့ ကျွန်တော့်အပေါ်အမြဲကောင်းပေးတဲ့သူငယ်ချင်းတွေရှိနေတာကြောင့်လည်းဖြစ်သည်___________________________________
"ဒီကောင်ကလည်း ကြာလိုက်တာ ခါတိုင်းဆိုနောက်မကျတတ်တဲ့ကောင်က ဒီနေ့မှဘာလို့ကြာနေရတာလဲ "
"အေးလေကွာ ဒီမှာပူလို့လူတောင်အရည်ပျော်ကျတော့မယ် မြန်မြန်လာပါတော့ ပတ်ချန်းရယ်"
"ကားလမ်းတွေပိတ်နေလို့နေမှာပေါ့ မင်းတို့ကောင်တွေကလည်း ဘာလို့ဒီလောက်ညူဆူနေရတာလဲ ငါ့နားကနေလည်းနည်းနည်းခွာကြအုံး"
ထီးတစ်ချောင်းထဲကိုလူလေးယောက် ကပ်ဆောင်းရတာလည်း နည်းနည်းမလွယ်ပေမယ် ဟိုတိုးဒီတိုးနဲ့ပဲ သူတို့အားလုံး ကျောင်းဝန်းအပြင်ဘက် ပတ်ချန်းအလာကိုရပ်စောင့်လို့နေ၏
YOU ARE READING
endlessly in love with you
Romance"ကျွန်တော်အတွက် အချစ်ကမလိုအပ်ဘူး ခဗျားကိုလည်း မချစ်ဘူး" ဒိုဂျောင်ဆူး "ကိုကိုက မင်းကိုအများကြီးသဘောကျတာဖြစ်လို့ မင်းမကြိုက်တဲ့အချက်တွေကို ကိုကိုပြင်ပေးမယ် ကလေးလေး" ပတ်ချန်းယောလ် "မောင့်ကိုပဲ ရွေးချယ်ပေးလို့မရဘူးလား ဂျောင်ဆူး" ပတ်ချန်းလျဲ့ ___________...