🔥4🔥

21 9 0
                                    

🔥4🔥U

" အကို ! "

junkyu ဆိုင်ထဲသို့ ဝင်ဝင်ချင်း လက်ပြပြီး လှမ်းခေါ်တဲ့ ကောင်လေးကို မြင်တော့ အနားသို့ အမြန်လျှောက်သွားပြီး ရှေ့က ခုံတွင် ဝင်ထိုင်လိုက်သည်။

ထိုကောင်လေးပြောတဲ့အတိုင်း ညနေ ၆နာရီ ချိန်းထားသော နေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ကောင်လေးကတော့ ဘယ်အချိန်တည်းက ရောက်နေလဲ မသိ။ အအေး၂ခွက်တောင် ကုန်နေပြီ။ အဲ့လိုများ စောစောချိန်းတာ မဟုတ်ဘူး။ သူကလည်း တနေ့လုံး အားနေပါတယ် ဆိုတာကို။

" ရောက်တာ ကြာပြီလား ကလေး "

" သိပ်မကြာသေးပါဘူး အကိုရဲ့.... "

" အင်း "

" ဆိုင်ကို သဘောကျရဲ့လား "

သူမေးမှ junkyuလည်း သတိထားမိသည်။ ဆိုင်က သိပ်အဆန်းကြီး မဟုတ်ပေမဲ့ သစ်ပင် အသေးလေးတွေနဲ့ သဘာဝဆန်သော ဆိုင်လေးပင်။ ဒီပုံစံကို ကြည့်ရရင် ဒီကောင်လေးက သဘာဝကို ချစ်တဲ့ပုံပဲ။ စားပွဲတိုင်းမှာလည်း ပန်းအိုးလေးတွေက အစီအရီချထားပြီး လေတိုက်တိုင်း ဝေ့လာသည့် ပန်းနံ့သင်းသင်းလေးတွေက စိတ်ကို ကြည်လင်စေနိုင်ပါသည်။

" အင်း အကို သဘောကျတယ်... ဆိုင်လေးက ကောင်းတယ်နော်... အေးချမ်းတယ်... အပင်လေးတွေကလည်း ချစ်စရာလေး... "

" တော်သေးတာပေါ့ အကိုသဘောကျလို့ "

" အကိုက အဲ့လိုတွေ... အထွေအထူးမရှိပါဘူး.... ဘာပဲဖြစ်ဖြစ် အကုန်လုံးလိုလို သဘောကျတယ် "

junkyuပြောတော့ rutoက ခပ်တိုးတိုးရယ်သည်။

သူ့စိတ်ထဲမှာတော့ " ကျွန်တော့်ကိုရော သဘောကျရဲ့လား အကို " ဆိုတဲ့ မေးခွန်းကို သူထုတ်မမေးဖြစ်ခဲ့။

" အကို ဘာစားမလဲ ကျွန်တော်မှာပေးမယ် "

" ဒီအတိုင်း ကလေး အဆင်ပြေတာတခုခုပဲ မှာလိုက်ပါ "

" ဟုတ်အကို "

ထို့နောက် rutoက မီးနူးစာအုပ်မှ တော်တော်များများကို အမှန်ခြစ်ပြီးချလိုက်တော့ ကောင်လေးတစ်ယောက်က လာယူသွားလေသည်။

" ကျွန်တော်စုံအောင်တော့ မှာလိုက်တာပဲ အကို မကြိုက်မှာစိုးလို့ "

Villain ( ဗီလိန္ / ဗီလိန် ) CompletedWhere stories live. Discover now