🔥5🔥 U
Ting !! 💢
မနက်စောစော ဘဲလ် မြည်သံကြောင့် အိပ်ချင်မူးတူးနဲ့ junkyuတစ်ယောက် ထလာကာ မျက်လုံးတွေကို ပွတ်ရင်း တံခါးကို ဆွဲဖွင့်လိုက်သည်။
သူတွေ့လိုက်သည်က အဖြူရောင် လက်ဆောင်ဘူးတစ်ခုရယ် နှင်းဆီအဖြူရောင် ပန်းစည်းတစ်စီး....
ဘေးဘီ ဝေ့ဝိုက်ကြည့်ပြန်တော့လည်း မည်သူမှ မတွေ့တာကြောင့် နှုတ်ခမ်းဆူတူတူ လုပ်ရင်း လက်ဆောင်ဘူးနဲ့ ပန်းစည်းကို မကာ အိမ်တံခါး ပြန်ပိတ်ပြီး ဆိုဖာပေါ်ကို လာလိုက်သည်။
junkyuမရှိတော့မှ အကွယ်က ချောင်းကြည့်နေတဲ့ harutoက သက်ပြင်းချရလေသည်။ တဆက်တည်း တွေးလိုက်မိတာက....
' အိပ်ချင်မူးတူးပုံလေးနဲ့ အကိုက အရမ်းချစ်ဖို့ ကောင်းတာပဲ '
ဆိုဖာပေါ်ရောက်တော့ Junkyu ပန်းစည်းကို အရင်ကြည့်လိုက်သည်။ အထဲမှာ.... Post Card လေးတစ်ခု....
သူယူပြီး ဖတ်ကြည့်လိုက်တော့...
' Happy Birthday အကို... အပျော်ရွှင်ရဆုံး မွေးနေ့အချိန်လေးကို ပိုင်ဆိုင်နိုင်ပါစေ '
တဲ့။
junkyu ပြုံးလိုက်မိသည်။ ဒီနေ့ သူ့မွေးနေ့ဆိုတာ ကိုယ်တိုင်တောင် မေ့နေခဲ့တာလေ။ တဆက်တည်းမှာပဲ တစ်စုံတစ်ယောက် အပေါ်လည်း စိတ်ကောက်ချင်လာပါသည်။ သူ့မွေးနေ့ကို အရင်ဆုံး wishလုပ်ပေးတဲ့သူက ချစ်ရသူပဲ ဖြစ်ရမှာ မဟုတ်လား....
Junkyu ဆက်တွေးမနေတော့ပဲနဲ့.... လက်ဆောင်ကို ဖောက်ဖို့ လုပ်လိုက်သည်။ ဗူးအဖုံးကို ဖွင့်လိုက်တော့ အထဲမှာ အဖြူရောင် Hoodie လေး တစ်ထည်ရယ်... ဖန်လုံးလေးတစ်ခုရယ်.... နောက်ထပ် စာရွက်တစ်ရွက်...
ဖန်လုံးလေးအထဲမှာက ကောင်လေးနှစ်ယောက်.... တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေတဲ့ပုံ... ပြီးတော့ မတ်တပ်ရပ်နေတဲ့ ကောင်လေးက ထိုင်နေတဲ့ ကောင်လေးရဲ့ ခေါင်းကို ပုတ်ပေးနေသည့်ပုံစံလေး ဖြစ်ပြီး ရွှေမှုန်များ ငွေရောင်ကြယ်ပွင့်များက ထိုကောင်လေးတွေပေါ်သို့ တလက်လက်ကြွေကျနေသည့် ပုံဖြစ်သည်။
" လှလိုက်တာ.... "
Junkyuသဘောတကျ ခနလောက် စိုက်ကြည့်နေပြီးမှ....
![](https://img.wattpad.com/cover/373237055-288-k176213.jpg)
YOU ARE READING
Villain ( ဗီလိန္ / ဗီလိန် ) Completed
FanfictionU 💕 Yoshi nori - သူငယ်ချင်းတစ်ယောက်ထက် ပိုပြီး ချစ်သူတစ်ယောက်လို ချစ်ပေးခွင့် ရနိုင်မလား kyu.... 💕 kim junkyu - ငါမင်းကို ချစ်တယ် yoshi... 💔 Haruto - အကို့ကို ချစ်တယ်... အကို့ကို ပိုင်ဆိုင်ချင်တယ်... အကို ပြုံးမိတဲ့ အကြောင်းပြချက်တိုင်းကအစ ကျွန်တ...