အပိုင်း (၁)
"သား မနက်စာစားသွားဦးလေ ""မစားတော့ပါဘူးမေကြီးရယ် နောက်ကျနေလို့သွားတော့မယ် နေ့လည်မှဆင်းမယ်သိလား ဖေကြီးကိုလည်းထမက်းစားနှင့်လို့"
"အေးပါအေးပါ အိမ်ကိုဘဲတည့်တာ့်မပ်မပ်ပြန်နော်"
"ဟုတ်ကဲ့ "
မိခင်ဖြစ်သူကိုလက်ပြနှုတ်ဆက်လျက်ထွက်လာခဲ့လိုက်သည်။ လမ်းတောက်လျောက် ဟိုဆိတ်ဒီဆိတ်နှင့် လျောက်လာခဲလိုက်ပြီး သူငယ်ချင်းဖြစ်သူ ငြိမ်းမောင်ကိုဝင်ခေါ်လိုက်သည်။
"ငါ့မယ် မင်းအိပ်ပျော်နေပြီထင်တာ"
"ဟုတယ် နဲနဲနောက်ကျသွားတယ် မြန်မြန်လာ ကေသီရောက်နေပြီထင်တယ်"
ကျူရှင်အိမ်ရှိရာလမမးသွယ်လေးထဲဝင်လာခဲ့ကြသည်။
"ဆွမ်းတော်ဗျို့ ဆွမ်းတော်ကြွလာပါပြီခဗျ ဆွမ်းတေယ်ဗျို့ "
သာသနာတော်အလံလေးစိုက်ထူတားသော သုံးဘီးလှည်းလေးနောက်မှလိုက်လာသည်။သံဃာတော်များတန်းဆွမ်းကြွလာကြ၍ ဘေးသို့ကပ်ရက်ပေးလိုက်သည်။
လှည်းတွန်းလာသူမှာ အရပ်သိပ်မရှည် အသားဖြူဖြူနှင့် ပုစိုးတိုတို အကျီအပွဝတ်ထားသည်။"ဆွမ်းတော်ဗျို့ အဟိ "
ထိုဆွမ်းတော်ဗျို့မှာတော့ မိန်းကလေးငယ်ကေသီ၏အသံဖြစ်သည်။ ရှိုင်းနှင့်ငြိမ်းမောင်တို့လှည့်ကြည်ြလိုက်ကြပြီး ပြုံးလိုက်မိသည်။ရှိန်းမစ၍အမေးပုဒ်စာထုပ်ရတော့သည်။
"နင်ကသူ့ကိုသိလို့လားဟ"
"သိတာပေါရှိုင်းရယ် သိပါ့ သူက ငါတို့လမ်းထဲကဘုန်းကြီးကျောင်းမှာနေတာလေ ဘုန်းကြီးရဲ့တူ"
"အာ့တော့ "
ငြိမ်းမောင်မှဝင်၍ခနဲ့သည်။မယ်မင်းကြီးမမှာ မျက်နှာကြောမသက်နိုင်..
"ချောတယ်လေ "
"နင်ကလား ဟမ့် နံ့သာဆီနဲ့ အီး"
"ဘာ ငြိမ်းမောင် နင် အရိုင်းဆိုင်းကောင်"
"တော်ပါတော့ သွားမယ်လာ နောက်ကျနေပြီ "
ရှိုင်းမှဝင်၍စကားဖျက်ကာခေါ်လာရတော့သည်။
နေ့တနေ့တာကို စာတွေနှင့်လုံးပန်းရင်းသာကုန်ဆုံးရပြန်သည်။
YOU ARE READING
လွမ်းဖို့ရယ် အကြောင်းဖန်
Fanfictionဆေးမသုပ်ထားတဲ့တံခါးဘောင်ကိုမှိရင်း မီးဝါတွေနဲ့အတူဖျက်သန်းသွားလာနေတဲ့ ဒီလမ်းမကိုငေးကြည်ြနေမိတယ် ကြိုက်တာမဟုတ်ပါဘူး ချစ်တာ အညာပြန်ရင်လိုက်ခဲ့နော် စိတ်မဆိုးပါနဲ့တော့ကွာ ရင်ခွင်ကြီးလှုပ်ခါသွားလို့ပါ မဟုတ်ရပါဘူး ဓာတ်ပြားဟောင်းတစ်ပုဒ်က...