အပိုင်း (၆)

88 5 2
                                    

"ကို ကိုစိုင်းဇော် ..."
ဝရုန်းသုံးကားနဲ့ပြေးလာသော ရှိုင်းကြောင့် စိာင်းဇော်တစ်ယောက်လန့်သွားသည်။စာရေးနေရာမှထလိုက်ပြီး အကြောင်းရာကိုမေးမြန်းရပါတော့သည်။

"ဘာဖြစ်လာတာလဲ ရှိုင်း"

"ဟို ဟို ဟိုလေ ..."

စကားတို့ပြောမထွက် ၊ မျက်ရည်တွေဝေ့ကာ နှုတ်ခမ်းသားတို့တုန်ရီနေသည်။ တစ်ဖက်လူ စိုင်းဇော်မှာလည်း စိတ်မရှည့်တော့ပေ ။

"ဘာလို့တဟိုဟိုဖြစ်နေတာလဲ မြန်မြန်ပြောလေ"

"ကို ကိုသိန်းမြတ်လေ "

"ဘာဖြစ်အကိုသိန်းမြတ်က"

"မနေ့ညက ဆိုင်ကယ်နဲ့ချိတ်မိပြီးဆေးရုံရောက်နေတယ်တဲ့ အဟင့်....လုပ်ပါဦးကိုစိုင်းဇော်ရယ်ကျနော် အကို့ကိုသွားတွေ့ချင်လိုက်တာ "

"အာ...ဘယ်လိုဖြစ်ရတာတုန်းဟ မင်းဘယ်သူပြောလိုက်တာလဲ "

"ကိုကျော်ဟိန်းပြောလိုက်တာရယ် "

"ဘာ အဲ့ဒါ‌ဆိုဖြစ်နိုင်တယ် မင်းနေဦးငါသေချာသွားမေးလိုက်ဦးမယ်"

ထိုအခါမှ ကိုစိုင်းဇော်လည်း ပျာပျာသလဲ အပေါ်ထပ်သို့ပြေးတက်သွားကာ ကိုကျော်ဟိန်းကိုရှာပုံတော်ဖွင့်ရပေတော့သည်။
အခန်းရှေ့ ကျန်နေရစ်သူမှာတော့ မျက်ရည်ပိုးပေါက်နှင့်သာ အရုပ်ကြိုးပျက်ထိုင်ချလိုကက်မိသည်။

" သူငယ်ချင်း ....လာပါဟာ မငိုပါနဲ့ သူသက်သာမှာပါ နော် .."

"အေးဟုတ်တယ်ကွ ငါ့တို့ကကောင်းတဲ့ဘက်ကနေတွေးပေးရမှာလေကွာ လာပါကွာ အခနထဲဝင်ရအောင် ကိုစိုင်းလဘ်းသွားမေးနေပြီဘဲ "

သူငယ်ချင်းများ၏ အားပေးစကားသံကိုနားထောင်ရင်း ခေါင်းလေးငြိမ့်ကာထရပ်လိာက်သည်။ပြခုံးလေတသိမ့်သိမ့်တုန်လို့ အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
မိနစ်အနည်းငယ်ကြာသည့်နောက်တော့ ကိုစိုင်းဇော်ပြန်ရောက်ချလာသည်။ချက်ချင်းဆိုသလို လက်မောင်းတစ်ဖက်ပြေးဆွဲလို့ မေးလိုက်သည်။

"ကိုစိုင်းဇော် ...ဘာတဲ့လဲဟင် ဟုတ်တယ်မလား တကယ်ကြီးလားဟင် "

လွမ်းဖို့ရယ် အကြောင်းဖန်Where stories live. Discover now