~၃~

17 2 0
                                    

အတိတ်......

ခလွမ်း***

*အာ Sorryပါရှင့် ကျွန်မချက်ချင်းရှင်းပေးပါ့မယ်*

စီနီယာအစ်မက သူ့ကိုဘေးဖယ်ခိုင်းကာ ဆိုင်ကြမ်းပြင်ပေါ်မှာအစိတ်အစိတ်အမြွှာမြွှာကျကွဲသွားတဲ့ ကော်ဖီခွက်ကိုကောက်သိမ်းဖို့လုပ်လေသည်

တစ်နေ့လုံးစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုက်ရင်း customerနဲ့စီနီယာအစ်မကိုသာ သူတောင်းပန်လိုက်တော့သည်

*ရွက်ကြွေ နင်အဆင်ပြေရဲ့လား*

*ဒီနေ့တစ်နေ့လုံး စိတ်နဲ့လူနဲ့မကပ်နေတာလား ခွက်လွတ်ကျလိုက် အမှာစာတွေမှားလိုက်နဲ့ ဘာတွေဖြစ်နေတာလဲ နင် နေမကောင်းဘူးလား*

ပခုံးတစ်ဖက်ကိုထိကိုင်ကာ စိတ်ပူစွာနဲ့မေးလာတာကြောင့် သူခေါင်းခါလိုက်ကာ ဆိုင်အပြင်ဘက်ကိုသာငေးလို့ကြည့်လိုက်မိသည်

ဆိုင်ပိတ်ချိန်နီးနေပြီမို့ ဆိုင်ထဲမှာcustomerတစ်ယောက်မှလည်းမရှိတော့သလို ဆိုင်အပြင်ဘက်ကလမ်းမပေါ်မှာလည်းလူတစ်ယောက်စနှစ်ယောက်စသာဖြတ်လျှောက်သွားသည်ကိုတွေ့ရသည်

*မဟုတ်ပါဘူး*

သူပြန်ဖြေရင်း နောက်ဆုံးသုတ်ပြီးတဲ့ဖန်ခွက်ကိုခုံပေါ်မှောက်တင်လိုက်လေသည်

*အင်း အဲ့ဒါဆိုလည်းသတိထားဦး ဒီနေ့ဂျာကြီးသာတွေ့သွားခဲ့ရင်အဆူခံနေရမှာ*

*အင်း*

Tong!!!

ဖုန်းmsgသံနောက်စက္ကန့်မခြားဘဲ လက်သုတ်ဝတ်ကိုချကာ ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကို နည်းနည်းအလောတကြီးနိုင်စွာ သူကြည့်လိုက်သည်

//ကျွန်တော် နေမကောင်းဘူး//

တစ်နေ့လုံး မဟုတ်ဘူး ဒီ၂ရက်လုံး ဘာအရိပ်အယောင်ဘာသတင်းမှမမြင်မကြားခဲ့ရတဲ့ သူ့ဆီကစာဖြစ်သည်
သူဝန်ခံသည် ထိုသူ့ကိုသူမမျှော်နေခဲ့ဘူးဆိုရင် သူ့စိတ်ကိုသူလိမ်နေတာသာဖြစ်လိမ့်မည်

*မင်း ဘယ်မှာလဲ*

msgတစ်စောင်ကိုသူပြန်မပို့ခဲ့ပါ အဲ့အစား သူ့လက်တွေကဖုန်းခေါ်ဆိုမှုတစ်ခုကိုသာ အလျင်စလိုနဲ့ပြုလုပ်ခဲ့မိပါသည်

ရွက်ကြွေ🍂Where stories live. Discover now