ညနေစောင်းအချိန်ရောက်ပီမို့လို့ရှောင်းကျန့်ကဘားမှာရှိတဲ့သူ့ရဲ့စားပွဲထိုးအလုပ်ကိုမြန်မြန်လက်စသတ်ပြီးသူ့ညီမလေးကိုအလုပ်ကသွားကြိုရတယ်။ညီမလေးကစက်ချုပ်တဲ့အလုပ်လုပ်နေတာ လအနည်းငယ်တော့ရှိသွားပီ။ငယ်စဥ်ကတည်းက၀ါသနာပါတဲ့အရာမို့လို့သာလက်ခံပေးထားရတာ။သူ ညီမလေးကိုထူးချွန်တဲ့ပညာတတ်ကြီးဖြစ်စေချင်တယ်။ဒီလိုမျိုးအလုပ်လုပ်ရင်းပညာသင်ယူနေရတာမျိုးမဖြစ်စေချင်ဘူး။
အတူတူအိမ်ပြန်နေရင်းလမ်းတစ်လမ်းကိုရောက်တော့နောက်ကကားတစ်စီးကသူတို့ကိုကျော်တက်ပြီးအရှေ့မှာပိတ်ရပ်လာတယ်။အဲ့ဒီနောက်ကားထဲကလူ၂ယောက်ကတုတ်တွေကိုင်ပြီးပြေးဆင်းလာကြတာကိုတွေ့တယ်။ဘာမှမပြောခင်ပဲရုတ်တရက်တုတ်နဲ့ရိုက်လိုက်တဲ့အရှိန်ကြောင့်သူ့မျက်လုံးတွေဝေး၀ါးလာခဲ့တယ်။သူ့ညီမလေးကိုအဲ့ဒီလူ၂ယောက်ကဆွဲလားရမ်းလားနဲ့ကားထဲကိုအတင်းထည့်ဖို့ကြိုးစားနေတာတော့၀ိုးတ၀ါးမြင်နေရတယ်။ နောက်ဆုံးမှာတော့သူ့မျက်လုံးတွေကအမှောင်အတိဖုံးပြီးလဲကျသွားခဲ့တယ်။
သတိရရချင်းတွေ့လိုက်ရတာကအိမ်ကြီးတစ်အိမ်ထဲမှာသူရောက်နေတာပဲ။ပြီးတော့သူ့ခန္ဓာကိုယ်ကိုလည်းခုံတစ်ခုံပေါ်မှာထိုင်ခိုင်းထားပြီးကြိုးတွေနဲ့တုပ်ထားတယ်။လက်ရှိပထမဆုံးစဥ်းစားမိတာကညီမလေးပဲ။သူတို့ညီမလေးကိုဘာလုပ်လိုက်ကြပြီလဲမသိဘူး။သူ့ဘ၀မှာညီမလေးတယောက်ထဲပဲရှိတာ။ညီမလေးသာမရှိတော့ရင် ဆိုတဲ့အတွေးမျိုးကိုယောင်လို့တောင်မတွေးရဲဘူး။
"နိုးလာပြီလား"
ရုတ်တရက်ခေါ်လိုက်တဲ့အသံလာရာကိုမော့ကြည့်လိုက်တော့လူတယောက်ကိုတွေ့လိုက်ရတယ်။
"မင်းကဘယ်သူလဲ ငါ့ကိုအခုချက်ချင်းလွှတ်ပေး ငါ့ ငါ့ညီမလေးရော ဘယ်မှာလဲ"
"ဖြေးဖြေးပေါ့ ဘာလို့အဲ့လောက်လောနေရတာလဲ"
"နေပါအုံး မင်းကိုငါမြင်ဖူးနေသလိုပဲ မင်း မင်း ၀မ်ရိပေါ်ဆိုတဲ့တယောက်မလား"
"ဟက်...၀မ်းသာစရာပဲဗျာ ကိုယ်ငြင်းလိုက်တဲ့လူကိုမှတ်တော့မှတ်မိသေးသားပဲ"
YOU ARE READING
Destiny of Us