Chapter 3

349 52 3
                                    

ဝမ်ကျစ်ချူးက တံတွေးမြိုချရင်းနဲ့ "ငါတော့ ဗီလိန်တာဝန်ကို ပြီးအောင်လုပ်နိုင်မယ်မထင်ဘူး"

သူဒီတာဝန်ကို မပြီးခင် သူအရင် သေအောင်အရိုက်ခံရမှာ။

တစ်ဖက်လူက သူ့ကို သတ်ပုတ်နေစရာတောင်မလိုဘူး။

သူက တိုက်ခိုက်တဲ့နေရာမှာ လူသစ်တန်းလေးဖြစ်တာမို့လို့ လည်ပင်းညှစ်တာနဲ့တင် သူသေသွားမှာ။

[စနစ် : ကောင်လေး၊ တချို့အရာတွေကိုမြင်ရရုံနဲ့ လွှမ်းမိုးမခံနဲ့။ သင့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်လေ။ ငါ့ကိုယုံစမ်းပါ။ သင်လုပ် နိုင်ပါတယ်]

ဝမ်ကျစ်ချူး : "နတ်သူငယ်လေးရေ"

[စနစ် : ဘာဖြစ်လို့လဲ]

ဝမ်ကျစ်ချူး : "ငါလိုချင်တာ ယုံကြည်မှုလေ"

[စနစ် : ဟမ်]

ဝမ်ကျစ်ချူး : "မျက်ကန်းယုံကြည်မှုမဟုတ်ဘူးနော်"

[...]

ခဏကြာပြီးတဲ့နောက်မှာတော့ ဝမ်ကျစ်ချူးကလွယ်အိတ်လွယ်ပြီးတော့ ကျောင်းထဲဝင်သွားခဲ့သည်။ ပြီးတော့ သူ့မှတ်ဉာဏ်အရ အလယ်တန်းကျောင်းရဲ့ ဒုတိယနှစ်ကျောင်းသားတွေ စာသင်တဲ့အဆောက်အအုံကို သွားနေတာပဲဖြစ်သည်။ အကြောင်းကြောင်းကြောင့် နည်းနည်းတော့ စိတ်လှုပ်ရှားနေခဲ့ပေမယ့် သက်ပြင်းရှုထုတ်ရင်း လျှောက်သွားလိုက်တယ်။

သူ သုံးလွှာကိုတက်လာပြီးတော့ တွေ့တွေ့ချင်းအတန်းက သူတက်ရမည့် အတန်းနံပါတ် ၁၁ ဖြစ်နေသည်။

ဝမ်ကျစ်ချူးက စိတ်လှုပ်ရှားစွာနဲ့ပဲ သူ့အင်္ကျီလက်တွေကို ကုတ်လိုက်မိပြီး မရင်းနှီးသေးတဲ့ ပတ်ဝန်းကျင်က သူ့အတွက်တော့ အရာရာအသစ်လိုပါပဲ ဖြစ်နေသည်။

သူအတတ်နိုင်ဆုံးကြိုးစားပြီးတော့ သူရှိနေတာကိုမသိစေဖို့ အခန်းထဲကို ဖြည်းဖြည်းညင်ညင်သာ လမ်းလျှောက်ဝင်လာလိုက်သော်လည်း ဆူညံနေတဲ့အတန်းက ခဏတော့တိတ်ဆိတ်သွားပေမယ့် ချက်ချင်းပဲ ပြန်လည်ဆူညံသွားတယ်။

ဝမ်ကျစ်ချူး တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီးတော့ ခဏအကြာမှာပဲ တစ်ယောက်နဲ့တစ်ယောက်ပြောနေကြတဲ့ စကားတွေကို ကြားလိုက်ရလေသည်။

ဗီလိန်ဗျူဟာWhere stories live. Discover now