1

113 15 12
                                    

<< UNicode >>

Angel Like You^^

ပကတိကြည်လင်နေတဲ့ ကောင်းကင်ကြီးရယ် ၊ လိုက်ကာစတွေ တလွင့်လွင့်​ဖြစ်အောင် တိုက်ခိုက်နေတဲ့ လေအေးအေးတွေကြောင့် မိုးရွာမယ်ဆိုတဲ့ မိုးလေ၀သ သတင်းက မှားများမှားနေခြင်းလား ဟု တွေးမိတော့သည် ။ ဒီနေ့မိုးများမယ်ဆိုတာကြောင့် ထီးမကိုင်ချင်တဲ့ တစ်ယောက်သောသူကိုတောင် ထီးအတင်းပေးလိုက်ရသေးသည်မဟုတ်လား?

" ယူသွားပါ Jaemရာ ဒီနေ့မိုးရွာမှာသေချာပါတယ်ဆို "

မနက်က ပြောခဲ့မိတဲ့ စကားကိုပြန်အမှတ်ရမိကာ ထီးယူရလို့ ဆူပုတ်ပုတ်ဖြစ်နေတဲ့ မျက်နှာလေးကို ပြန်မြင်ယောင်မိလာပြန်သည်။ထီးယူရမှာ မကြိုက်တဲ့ ကလေးဆိုးလေးက ဆူကောက်နေတော့မှာပဲ။ ဘယ်လိုအကျင့်မှန်းမသိတဲ့ Jaemက ထီးကိုင်ရမှာအရမ်းပျင်းတာပါတဲ့။ကျောင်းတုန်းကတော့ ထီးကိုင်ရမှာမကြိုက်တဲ့ လူပျင်းလေးကို ချန်းလော့ကပဲ ထီးလိုက်ဆောင်းပေးခဲ့ရခြင်းမဟုတ်ပါလား? ချန်းလော့က ခေါင်းတရမ်းရမ်းဖြင့်သာ ပြုံးနေမိတော့သည်။ထို့နောက်မှာတော့ လျှော်ထားတဲ့အင်္ကျီတွေဆီ အသိပြန်ရောက်လို့ နေပူတုန်းလေး ထုတ်လှန်းဖို့ကျန်စရတော့သည်။အ၀တ်ခြင်းကို လက်တစ်ဖက်ဖြင့် ခါးကိုအမှီပြုလို့ ပိုက်ထားလိုက်ပြီး တစ်ဖက်မှာတော့ ချန်းလော့အမှီသဟဲ ပြုရတဲ့ တုတ်ထောက်လေးကိုယူရတော့သည်။ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ တုတ်ထောက်လေးကလဲ စည်းချက်ညီစွာ။ထော့နဲ့ထော့နဲ့ ဖြစ်နေတဲ့ ခြေတစ်ဖက်ကိုလဲ အားသိပ်မပြုရဲပါ။ညကျ ကိုက်ခဲနေရင် တစ်နေ့လုံး အလုပ်ပင်ပန်းလာမယ့် Jaemက ဆေးလိမ်း နှိပ်နယ်ပေးနေရမှာကို မလိုလားပါပေ။Jaemက ချန်းလော့ထက် အများကြီးပိုပင်ပန်းနေရတာမလား?

Companyအတွင်း လူအများဟာ လှုပ်လှုပ်ရှားရှားရယ်ပါ။ပင်မရုံးချုပ်ကြီးမှ ဒါရိုက်တာ ဟာ ရုံးခွဲဖြစ်တဲ့ ဂျယ်မင်းတို့ Companyကို ပြောင်းလာပြီး ကြီးကြပ်မယ်ဆိုတဲ့ သတင်းက လွန်ခဲ့တဲ့ တစ်ပတ်က အတောလေး ပွက်လောရိုက်သွားခဲ့သည်လေ။အခုလဲ မနက်ဖြန်မှ တွေ့ဆုံပွဲပြုလုပ်ကာ ကြိုဆိုကြမယ် လုပ်ထားတဲ့ အစီစဥ်ဟာလဲ အကြောင်းမကြားပါပဲ ရုတ်ချည်း ရောက်ရှိလာပြီဖြစ်တဲ့ ဒါရိုက်တာကြောင့် ပျက်ပျက်ယွင်းယွင်းဖြစ်ရတော့သည်။ ဒါရိုက်တာကို ကြိုဆိုဖို့ Company အပေါက်၀သို့ ပြေးလွှားနေရတဲ့ ၀န်ထမ်းတွေကြား ဂျယ်မင်းလဲ အပါအ၀င်။အပေါက်၀ရောက်တာနဲ့ ဟိုဘက်ဒီဘက် စီတန်းရပ်နေကြပြီး ၀င်လာတဲ့ ဒါရိုက်တာ ဆိုတဲ့လူကို အရိုသေပေးကြရတော့သည်။သို့ပေမယ့် အရိုသေပေးကြတဲ့ ၀န်ထမ်းတွေထဲ ဂျယ်မင်းမပါ၀င်တော့ချေ။အံ့သြမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂျယ်မင်းက တောင့်တောင့်ကြီးသာရပ်နေမိတော့သည်။သူများတွေနဲ့ကွဲပြားနေတာကြောင့် ထင် ဒါရိုက်တာဖြစ်သူ တစ်နည်း ဂျယ်မင်းရဲ့ ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသူ ( လီဂျီဟျော့) က ဂျယ်မင်းကို သတိထားမိသွားကာ ဂျယ်မင်းရှေ့တည့်တည့်ကို လာရပ်တော့သည်။

You've reached the end of published parts.

⏰ Last updated: Aug 21 ⏰

Add this story to your Library to get notified about new parts!

Angel Like YouWhere stories live. Discover now