5

11.9K 132 7
                                    

  Ding Dong....

ဖရင့်ရှ် ရုံးသွားဖို့အတွက် ပြင်ဆင်နေချိန် ကွန်ဒိုတံခါးမှ အသံမြည်လာ၍ သွားဖွင့်ရသည်။ ဒီနေ့ မမတို့ သားအမိလာမည်ဆို၍ လင်းက မနက်အစောတည်းက ထပြီး သူ့တိုက်ခန်းကို ပြန်သွားသည်။ ရုံးမှာ လင်းနဲ့တွေ့နိုင်တယ်ဆိုပေမယ့် လင်းက ရုံးမှာဆို သူ့ကို အကပ်ခံချင်တာမဟုတ်တော့ သုံးရက်ကြီးများတောင် လွမ်းနေရမည်ပင်။

ဖရင့်ရှ် တံခါးဖွင့်‌ေပးလိုက်တော့ တော်တော် အံ့ဩသွားရသည်။အံ့ဩတာထက် လန့်သွားတယ်ပြောရင် ပိုမှန်မလား ၊ မမတို့သားအမိအပြင် သူ့ရဲ့ အရင်က ရည်းစားဟောင်းပါ အတူတွဲပါလာတာ‌ေလ ။ မမက သူ့လန့်သွားတာမြင်တော့ ရှင်းပြလာသည်။ ကာလို(ဖရင့်ရှ် ex)သည်လဲ ဒီကိုအလုပ်ကိစ္စနဲ့လာတဲ့အကြောင်း ၊ လေယာဉ်ပေါ်မှာ အမှတ်မထင်တွေ့ကြရင်း မမတို့သားအမိကို ဖရင့်ရှ့်ကွန်ဒိုသို့ လမ်းကြုံလိုက်ပို့ပေးကြောင်း၊ ကာလိုကလဲ ဖရင့်ရှ်နဲ့မတွေ့တာကြာလို့ ကွန်ဒိုထိ လိုက်တွေ့ချင်တယ်ပြောလို့ မမကလဲ ခေါ်လာကြောင်းပြောနေပေမယ့် ဖရင့်ရှ် စိတ်ထဲတွင်တော့ ကြိုပြီး စိတ်ညစ်နေပြီပင်။ လင်းက ဖရင့်ရှ် ex တွေနဲ့ပတ်သက်ရင် တော်တော်သဝန်တိုတတ်သည်။

"ဉီးးဦးရေ ..."

"ဗျာ..."

"သားသားဖို့ ဘာမုန့်ဝယ်ထားလဲ ...."

"အာ ဦးဦးက သားတို့ ညနေလောက်မှရောက်မယ်ထင်လို့ ရုံးကပြန်လာမှ ဝယ်ဖို့လုပ်ထားတာကွ ..."

"အာ့ဆို ဘာမုန့်မှ မရှိဘူးပေါ့ ဟွန်း "

"ဆောရီးကွာ ဦးဦး  ညနေကျဝယ်ခဲ့မယ်ကွာ ရလား .."

"မရချင်လဲ ရ ရမှာပေါ့ ဟွန်း "

တူဖြစ်သူက နှုတ်ခမ်းကိုထော်ကာ ဆိုဖာပေါ်သို့သွားထိုင်နေသည်။

"မမရာ ...ငါ့ကို လေဆိပ်လာကြိုခိုင်းရင် ငါလာကြိုမှာပေါ့ ခုတော့ သူများကို အားနာစရာ ..."

"ရပါတယ် ဖရင့်ရှ်ကလဲ ကျွန်တော်က လိုက်ပို့ပေးချင်‌ေနလို့ပါ။ ပြီးတော့ သူစိမ်းတွေလဲမဟုတ်ဘူး နှစ်နှစ်လောက်တောင် ရင်းနှီးခဲ့ကြတာ မေ့သွားပြီလား ဟင်း ဟင်း..."

You've reached the end of published parts.

⏰ Last updated: Aug 22 ⏰

Add this story to your Library to get notified about new parts!

With My CEO Where stories live. Discover now