မယားပါသားက ကျွန်တော့်ကို ချစ်တယ်တဲ့
Li yu x Li Qin
လီယု x လီချီ
-----------
ငါ့အမေသေဆုံးပြီး တစ်နှစ်အကြာမှာ ငါ့အဖေက ကလေးတစ်ယောက်ရှိတဲ့မုဆိုးမနဲ့လက်ထပ်လိုက်တယ်၊ဒါပေမယ့် သူတို့အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ငါမကျေနပ်တာတွေမရှိခဲ့ဘူး၊ဘာလို့လဲဆိုတော့ မယားပါသားက ငါ့ထက်ဆယ်နှစ်ကြီးရုံသာမက ငါ့ကို မင်းသားလေးလိုဆက်ဆံပြီး ငါ့အပေါ် သိပ်ကောင်းလွန်းတယ်၊ပြီးတော့ သူက အရမ်းကြည့်ကောင်းပြီး ပျိုတိုင်းကြိုက်နှင်းဆီခိုင်လိုမျိုးပဲ၊
ငါက အသက်နှစ်ဆယ်ပြည့်ပြီးဆိုပေမယ့် ငါ့အစ်ကိုကြီးက ငါ့ကို မင်းသားလေးတစ်ပါးလိုဆက်ဆံပြီး ငါ့လိုချင်တာအကုန် ဖြည့်ဆည်းပေးတုန်းပဲ
ဒါပေမယ့် သူက အဖေရဲ့ကုမ္ပဏီမှာ ဒုဥက္ကဌအဖြင့်စတင်လုပ်ကိုင်ပြီးနောက်မှာ တစ်နေ့တခြားအလုပ်များလာတာကြောင့် အိမ်ပြန်လာတဲ့နေ့တွေတောင် သိပ်မရှိတော့ဘူး၊ဒါက ငါ့ကိုဝမ်းနည်းစေပေမယ့် လီယုက အလုပ်ကြိုးစားနေတာကို ငါနားလည်သည်၊
တစ်နေ့မှာတော့ ငါကျောင်းဝန်းထဲကနေ ထွက်လာချိန်မှာ ကျောင်းသားတွေဆီကနေ "ဝိုးးးမိုက်တယ်" "ကားအကောင်းကြီးဟ" လို့ပြောသံတွေကြားလို့လှည့်ကြည့်လိုက်တော့ ငါအံ့အောသွားတော့သည်၊
"ကိုယ်ရဲ့မင်းသားလေး..."
"အိမ်ပြန်ဖို့အသင့်ပဲလား"
ငါရဲ့အစ်ကိုက ငါ့ကို ပြုံးကြည့်ပြီး ကားတံခါးကိုဖွင့်ပေးလာကာ
"လာလေ ကိုယ်က ကိုယ်မင်းသားလေးကို အိမ်လိုက်ပို့ပေးမယ်"
လီယုစကားကြောင့် လီချီပြုံးလိုက်ရင်း ရှေ့ခုံမှာဝင်ထိုင်လိုက်သည်၊ထို့နောက်မှာ လီယုက ကားကိုမောင်းထွက်လာတော့သည်၊
လီချီက လီယုရဲ့ကားမောင်းနေတဲ့ပုံကို ငေးမော့ကြည့်ရင်း သူ့အစ်ကိုရဲ့ပြည့်စုံမှုကို သက်ပြင်းချမိသည်၊သူ့အစ်ကိုနဲ့ Buggatiကားက အလွန်အလိုလိုက်ဖက်လွန်းလှသည်၊သူ့အစ်ကိုက ကားကိုမြန်မြန်မောင်းနေပြီး သူရဲ့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ခံစားချက်ကို ခံစားနေရသည်၊