အလွမ်းကြွေးကျန်_၁

1.8K 83 3
                                    

အလွမ်းကြွေးကျန်_၁

ချောက်... ချောက်... ချောက်...

အခန်းတစ်ခုလုံးက မှောင်မည်းနေပြီး ကွန်ပျူတာလက်ကွက်နှိပ်သံ တစ်သံတည်းကသာ သိသိသာသာ ထင်ထင်ရှားရှား ရှိ၏။ လိုက်ကာစ အပါးလေးကြားမှ အပြင်သို့ ကြည့်မည် ဆိုပါက မည်းမှောင်နေသော ညကောင်းကင်ကို ကြယ်တာရာတချို့နှင့် တွေ့မြင်နိုင်မည် ဖြစ်သည်။ အချိန်အားဖြင့် ညသန်းခေါင် ကျော်နေပြီဟု ဆိုနိုင်ပေ၏။

ခပ်သွက်သွက်ပြေးနေသော လက်ကွက်နှင့်အညီ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ အတုံးအရုံး လဲကျနေသော ဂိမ်းဇာတ်ကောင်များက တစ်ဦးပြီးတစ်ဦး။ ယခုက ဒီညအတွက် နောက်ဆုံးပွဲစဉ် ဖြစ်ကာ ဒီတစ်ပွဲပြီးလျှင် သူတို့က ပွဲသိမ်းတော့မည် ဖြစ်သည်။

"မားခါ မားခါ... မင်းက‌ ရှေ့တက်လိုက်... ငါတို့ ဒီဘက်ကနေ အယောင် ပြထားပေးမယ်"

"အိုကေ..."

မခ၏ ဂိမ်းID က MaKa ဖြစ်ကာ ဘယ်နိုင်ငံလူမဆို ခေါ်လိုက်လျှင် မားခါ ဖြစ်သွားတတ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ နာမည်တစ်ခုသာမို့ မခက ဘယ်လို ခေါ်ခေါ် စိတ်မရှိ။

၁၅ဖွဲ့ တိုက်ပွဲမှာ မခတို့ဘက်က သုံးဦး ကျန်သေးကာ တစ်ပွဲလုံးတွင် အင်အားအကောင်းဆုံး ဖြစ်သည်။ ကျန်တစ်ဖက်က တစ်အုပ်စုပဲ ကျန်တော့ကာ သူတို့က နှစ်ယောက် ဖြစ်သည်။ မခက အဝေးပစ် သမား ဖြစ်တာကြောင့် မခကို လမ်းကြောင်းရှင်းပေးသည်နှင့် မခက တာဝေးပစ် လက်နက်မျိုးစုံကို ကျင်ကျင်လည်လည် အသုံးပြုကို တစ်ဖက်အဖွဲ့မှ လူများကို အမှောက်သိပ်နိုင်မည် ဖြစ်သည်။

ဂလောက်...

တံခါးဖွင့်သံ သဲ့သဲ့ကို ကြားလိုက်သည်နှင့် မခ တံခါးရှိရာသို့ လှမ်းကြည့်လိုက်တော့ တစ်ရေးနိုးလာဟန်ရသော ဒက်ဒီက မခကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ပြောလာသည်။

"အိပ်တော့... မနက်ဖြန်ကျရင် မင်း ထရအုံးမှာ..."

"ဒီတစ်ပွဲပဲ ဒက်ဒီ ဒါပြီးရင် မခ အိပ်တော့မှာ..."

မခ အလိုက်သတိ ပြန်ဖြေလိုက်တာတောင် ဒက်ဒီက မျက်မှောင်ကြုတ် သွားသေးပြီး တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သေး၏။ ပြီးနောက် မှန်လှောင်ကန်လေးအတွင်းမှ တရွေ့ရွေ့ ရွေ့လျားနေသော မဟူရာရောင် ပင့်ကူလေးကို စိုက်ကြည့်ပြီး ပြောလာသည်။

အလွမ်းကြွေးကျန်Nơi câu chuyện tồn tại. Hãy khám phá bây giờ