26

263 39 0
                                    

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း

အပိုင်း ၂၆

                        
သူမသား ဆိုးဆိုးရွားရွား အရိုက်ခံနေရ၍ လီအဒေါ် သူမလက်ထဲက ကလေးကို ချက်ချင်း တစ်ခြားတစ်ယောက်သို့ ပေးလိုက်သည်။ "ကျွန််မအစား ကြည့်ပေးဦး"

                         
ထိုအမျိုးသား သဘောမတူခင် လီအဒေါ်က  သူမလက်ထဲက ကလေးကို ပေးလိုက်ပြီး ပြေးသွားလိုက်သည်။  အရင်က သူမ ချူယောင်းကို ဆွဲထားနိုင်သေးသည်။ အခု ချူယောင်း အလွန်သန်မာနေ၍ သာမန်လူ ဖမ်းဆွဲထား၍ မရတော့ပေ။

                    
ရန်ဖြစ်ပြီး ဆူညံနေ၍ မကြာမီ ချူယောင်း၊ လီအဒေါ်၊ လီဝေ ရဲစခန်းသို့ ရောက်သွားကြသည်။ ရဲများက သူတို့ကို သေချာကြည့်ပြီး "မြန်မြန် ၊သေချာဖြေကြ။  သေချာ မဖြေဘူးဆိုရင် ဒီည ဘယ်သူမှ မပြန်ရဘူး"

                       
ချူယောင်းလည်း လီအဒေါ် ဖမ်းဆွဲထားသည်ကို ခံရသော်လည်း လီဝေမှာ မတူပါ။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများနှင့်ဖြစ်သည်။

                         
"ရဲမှူးကြီး၊ ကျွန်မသားကို ရိုက်တာ ဒီမိန်းမပါ။  သူမကို မြန်မြန်ဖမ်းလိုက်ပါ" လီအဒေါ် ချူယောင်းကို ညွှန်ပြလိုက်သည်။

                           
လီဝေ သူ့အမေလက်ကို ကိုင်လိုက်ပြီး"အမေ၊ ပြသာနာမရှာပါနဲ့။ ရဲမှူးကြီး ကျွန်တော်တို့ တရားမစွဲတော့ပါဘူး"

                            
ရဲက ထပ်ခါထပ်ခါမေးလိုက်သည်။ "ခင်ဗျားတို့ အမှုကို‌ရှေ့မဆက်တော့တာ သေချာပြီလား?"

                              
"သား၊ မင်းရူးနေပြီလား ဒီမိန်းမကို ပိုက်ဆံလျော်ခိုင်းပြီး ထောင်ထဲလည်း ပို့ရမှာလေ"လီအဒေါ် လျှောက်သွားလိုက်ပြီး ချူယောင်းကို ဖမ်းဆွဲတော့မလို လုပ်လိုက်သည်။

                               
"အမျိုးသမီးကြီး ခင်ဗျား သေချာစဥ်းစားပါ။ အခု ခင်ဗျား မှန်ပေမယ့် တခုခု လုပ်လိုက်ရင် ခင်ဗျားလည်းမမှန်တော့ဘူး" ရဲ ဖြောင့်ဖျလိုက်သည်။

၁၉၆၀ ခုနှစ် ကျွန်းပေါ်၌ သားပေါက်လေးများအား ပြုစုပျိုးထောင်ခြင်း (ဘာသာပြန်)Where stories live. Discover now