Unicode
သာယာကြည်နူးဖွယ်ကောင်းသည့် ညတစ်ညကိုဖြတ်သန်းခဲ့ရသော်လည်း မနက်ခင်း၌ ကြားလိုက်ရသည့် စကားစုကြောင့် အတော်လေးတုန်လှုပ်မိလေသည်။ဝမ်းနည်းမိလေသည်။ထိုစကားစုကိုပြောနေသူမှလွဲ၍ ကျန်တဲ့သူများသည် အလွန်အံ့သြနေကြသည်။
"တီတီထား ချက်ချင်းကြီးလား"
"အင်း တီထားဒီနေ့ပဲပြန်တော့မယ်။အားလုံးလည်းစီစဉ်ပြီးသွားပြီ"
ဒီမှာဆက်နေဖို့ "ထား"သတ္တိမရှိတော့ပေ။တိတ်တခိုးချစ်နေရတဲ့သူနဲ့ တစ်အိမ်တည်းမှာနေဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။စိတ်နဲ့ကျူးလွန်နေမိသည်မို့ အနေနီးနေသည်ကအဆင်မပြေလှပေ။
"တီတီထားကဘာမှလည်းကြိုမပြောဘူး"
"ကြိုမပြောတာက သမီးအခုလိုဝမ်းနည်းသွားမှာစိုးလို့ပါ။နောက်ပြီး တီထားက ခွင့်မှအကြာကြီးမရဘဲကို။မဟုတ်ရင်တောင် ပြန်ရမှာလေ"
"ဒါပေမယ့် အခုက ချက်ချင်းကြီးလေ"
ဝမ်းနည်သွားသည့် ဧကရီသည် ထားရင်ခွင်ထဲကို တိုးဝင်လိုက်လေသည်။မဟုတ်ရင်တောင် "ထား"ကပြန်ရမယ့်သူပင်။အခုတော့ ဧကရီ့ကို စိတ်ချရပြီမို့ အရင် ပြန်တဲ့အခါတွေလို"ထား"နောက်ဆံတင်းစရာမလိုတော့ပေ။
"တီထားသမီးလေးကကွယ်။မနက်စာစားကြစို့ တီထားပြင်ဆင်ရဦးမယ်သမီးရဲ့"
"မထူးတော့ပါဘူး။မမထားကို တို့တွေလေယာဉ်ကွင်းကိုလိုက်ပို့ကြရအောင်။နုတို့လိုက်ပို့တာ အဆင်ပြေတယ်မလား"
"မပြေစရာမရှိပါဘူးနုရဲ့။ဒီလိုဆိုတော့လည်း ကောင်းတာပါပဲ"
ငိုချင်နေတဲ့"ထား"သည် မငိုချင်အောင်အတင်းထိန်းထားကာ အပြုံးတုကိုဖန်းတီးထားလေသည်။ဒီဝဋ်တွေကနေ "ထား"လွတ်မြောက်ဖို့ နာရီပိုင်းသာ လိုတော့သည်။
သို့သော်လည်း ဒီဝဋ်မှလွတ်မြောက်ခြင်းဟာ
အလုံးစုံမဟုတ်ဘဲ တစ်ဝက်မျှသာ။
ဒီတစ်ခါလည်း "ထား"သည် ကြွယ့်ကိုထားသွားပေဦးမည်။ဒီတစ်ခါထားခဲ့တဲ့အချိန်မှာတော့ ကြွယ့်မှာ ငိုစရာအကြောင်းမရှိခဲ့သလို နာကျင်စရာကိစ္စလည်းမရှိတော့ပေ။ထွက်သွားမည့်သူကို အပြုံးနဲ့သာ နှုတ်ဆက်လိုက်ပေမည်။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)