Prologue

4 1 0
                                    


'သူတို့တွေ၊ မြို့စောင့်ရဲမက်တွေ ကျွန်တော့်အဖေကို ခေါ်ဆောင်သွားတာ ၁၀ရက်ကျော်ရှိနေခဲ့ပြီ။' သတင်းကောင်းကြားရဖို့ထက် သတင်းဆိုးကြီးမကြားရဖို့ကိုသာ ဆုတောင်းနေမိခဲ့ကြသည်။

ဆောင်းဦးကာလဖြစ်၍ ထိုမနက်ခင်းတွင် မြူခိုးမြူငွေ့များက နေပြောက်မပေါ်နိုင်အောင်ပင် လေထုထဲ၌ ဖြန့်ကျက်နေရာယူထားသည်။ တိတ်ဆိတ်နေသော လေဟာနယ်ထဲသို့ အသံဩဩတစ်သံ ထိုးဖြတ်ဝင်‌ရောက်လာခဲ့လေသည်။

'ဒေါ်မာရီ‌ရေ ခင်ဗျားအမျိုးသားဆီက သတင်းဗျို့၊" အမေဖြစ်သူလည်း ခပ်သုတ်သုတ်တံခါးပြေးဖွင့်ရင်း သတင်းပေးအဖြစ်ရောက်လာသူ အသက်လတ်ပိုင်း အမျိုးသားအား အိမ်ထဲပေးဝင်ပြီး တံခါးကိုဂျက်ချလိုက်သည်။
'ကိုစိုးကြီး ပြောပါဦး၊ ကျွန်မယောကျ်ားဆီက ဘာတဲ့လဲ သူ့ကို ဒီနေ့ပြန်လွှတ်ပေးမှာလား၊ မြန်မြန်ပြောပြစမ်းပါရှင်'
"ဒေါ်မာရီ၊ ကျုပ်လည်း ဒီသတင်းကိုမပြောပြချင်ပေမယ့် ဒေါ်မာရီစိတ်ကို ကြိုပြင်ထားပါ၊ ခင်ဗျားအမျိုးသားကို ဒီနေ့ နေမဝင်ခင်မှာ ထောင်တွင်းကြိုးပေးကွပ်မျက်မယ်တဲ့"

မကောင်းသော သတင်းသည် မကြားချင်ပါသော်လည်း ကိုယ့်ထံသို့ကံပါက ရောက်ရှိလာစမြဲပင်။ မိခင်ဖြစ်သူသည် ရင်ဖက်ကိုလက်ဖြင့် အားပါပါထုလိုက်ပြီး လက်သီးတင်းတင်းဆုတ်ကာ မတ်တပ်ထရပ်လိုက်သည်။ ငိုကြွေးသံနှင့် စောဒကတက်သံများအစား ရှိုကသံတစ်ခုနှင့် မျက်ရည်တစ်စက်သာ ပါးပေါ်စီးကျလာခဲ့သည်။ အဖေဖြစ်သူ၏ စာကြည့်ခန်းအဝတွင် တအိအိဖြင့်ငိုနေသော ၁၀နှစ်အရွယ်ကျွန်တော့်ဖက်ကို လှည့်လာကာ သူ(မ)နံရံကိုအားယူပြီး တစ်လှမ်းခြင်း လျှောက်လာခဲ့သည်။ အနားရောက်သော် လက်ကိုဆွဲလိုက်ပြီး အဖေဖြစ်သူ၏ စာကြည့်ခန်းထဲခေါ်သွားကာ
'သူတို့ သားလေးရဲ့ဖေဖေကို ထာဝရ ခေါ်သွားကြတော့မယ်'
ပျော့ပြောင်းနေသော မျက်နှာထားဖြင့်ဟန်ဆောင်ကောင်းသော မေမေရဲ့ မျက်ဝန်းတို့သည် မာန်အပြည့်ဖြင့်။ ထို့နောက် စာအုပ်စင်နှင့် ကြမ်းပြင်ရှိပြန့်ကျဲနေသော စာရွက်မူများကို ညွှန်ပြပြီး ဒေါမာန်သံဖြင့် ထပ်ပြောသည်။
'သားရဲ့ ဖေဖေအဖမ်းခံရပြီး ကြိုးပေးခံရတော့မယ်ဆိုတာက သားဖေဖေမှာ အပြစ်ရှိနေလို့ မဟုတ်ဘူး။ သားအဖေကို သူတို့ကြောက်ကြလို့၊ သူရေးသားပြုစုခဲ့တဲ့ ဟောဒီကစာမူတွေ၊ ဖြန့်ဝေခဲ့တဲ့ အတွေးအခေါ်အမြင်တွေကို အဲ့ဒီမြင့်မြတ်လှပါတယ်ဆိုတဲ့ အာဏာရှိတွေကြောက်ကြလို့ပဲ။'

ကျွန်တော် အဲ့ခါတုန်းက မေမေဘာကိုဆိုလိုမှန်းမသိခဲ့။ ဖေဖေ့အတွက် ဝမ်းနည်းပူဆွေးနေတာကြောင့်နှင့် ငယ်သေးတာကြောင့်ရော ဖြစ်နိုင်ပါသည်။ ထိုနေ့က ဖေဖေ့ဆီသို့ သားအမိ၂ယောက်လုံး နောက်ဆုံးအကြိမ်ဖြင့် အပြေးလေးသွားတွေ့ခဲ့ပါသေးသည်။ သို့သော်ငြား ဖေဖေ့ကို မြင်တွေ့ခွင့် မရခဲ့ပေ။

A King with no crownWhere stories live. Discover now