အပိုင်း_၁ (အနွေးဓာတ်‌လေး)

3 1 1
                                    


အဆင့်အတန်းနှင့် မျိုးရိုးအလွှာတို့ ခွဲခြားသော ခေါတ်စနစ်ကြီးတွင် နေထိုင်ရသည်ကား မလွယ်ကူလှပေ။ နန်းတွင်းစစ် အရာရှိစာမေးပွဲတွင် ထိပ်တန်း၁၀ယောက်အတွင်း ဝင်အောင်ဖြေဆိုနိုင်ခဲ့သော်လည်း မိသားစုနောက်ခံဂုဏ်အလျှင်းမရှိသော သူရကန်စက်ဟု အမည်ရှိသည့် လုလင်လေးတစ်ယောက်အဖို့ အလုပ်ရရန်မှာ ခက်ခြလှပေသည်။ ကံတရားကပေးသော အခွင့်အရေးတစ်ခုကြောင့်သာ ပြည်တွင်းဘဏ္ဏာရေးရုံးတွင် ရာထူးနိမ့်နေရာတစ်ခုကို ရရှိထားပေသည်။
သို့သော်ငြား....
' အဲ့ကောင် သူရကန်စက်ဆိုတဲ့ တစ်ယောက်ရဲ့ အဖေက တော်လှန်ပုန်ကန်တဲ့ တစ်ယောက်တဲ့'
' အေ ဟုတ်တယ်ဟ၊ သူ့အဖေက ကြိုးပေးခံရတာ အလောင်းတောင်ပြန်မရဘူးဆိုပဲ၊ အဲ့တာကြောင့်အဲ့ကောင်က အေးတိအေးစက်နဲ့ မပျော်တတ်တာ' ယောက်ျားတန်မဲ့ အငုံစိတ်ဖြင့် ကွယ်ရာမကောင်းပြောသူ လုပ်ဖော်ကိုင်ဖက်များမှာ စိတ်မနောပျက်ဖို့ကောင်းလှသည်။ အလုပ်ပန်းသည်ကနည်းနည်း စိတ်ပန်းသည်ကများများကြောင့် သူရလည်း ယခုအလုပ်တွင် လားလားမျ မပျော်ပေ။

'ဟျောင့် ကျော်ရဲတို့တွေ၊ မင်းတို့အလုပ်အကုန်ပြီးလို့ စကားထိုင်ပြောနေကြတာလား'
'ဗျာ ဟုတ်ဟုတ်အာစိရေ၊ ပြီးပါတော့မယ်ဗျာ့၊ အလုပ်တွေက အရမ်းများလွန်းတော့ ခွဲလုပ်တဲ့အနေနဲ့၊ ခဏတစ်ဖြုတ်နားနေကြတာပါဗျာ့'

အထက်လူကြီးဖြစ်သော ခပ်ဝဝ ပုတိုတို ခန္ဓာနှင့် နှုတ်ခမ်းမွှေးကို အလန်ဖြစ်အောင်ပုံသွင်းထားပြီး လည်သာဂျက်ကတ် အကောင်းစားကို ခေတ်ဆန်ဆန် ဝတ်ထားသည့် ထိုခပ်ထန်ထန်လူက ကျော်ရဲတို့ကို တစ်ချက်ဟောက်လိုက်သည်နှင့် ခိုးများတန်းဖြုတ်ပြေးသလို သက်ဆိုင်ရာစားပွဲနေရာများသိုး ရောက်ရှိသွားကြသည်။ ထို့နောက် သူ၏ဂျက်ကတ်အတွင်းအိတ်ထောင်ထဲမှ ချိန်းကြိုးနာရီကို စတိုင်ကျကျထုတ်ကြည့်လိုက်ပြီးနောက် သူရကန်စက်ဖက်လှည့်လာပြီး
'အချိန်က မစောတော့ဘူး၊ မကြာခင်မွန်းလွှဲတော့မယ်, မင်းကိုပေးထားတဲ့ အလုပ်ကရော ပြီးသွားပြီလား'
'ဟုတ်ကဲ့ဝန်မင်း၊ ပြည်နယ်အသီးသီးက စာရင်းတွေကို အက္ခရာအတိုင်း အစဥ◌်လိုက်စီပြီး ထုတ်ပိုးထားပြီးပါပြီ။'
စိတ်တိုင်းကျသော မျက်နှာအမူအယာဖြင့် တုံပြန်လာသောကြောင့်သူရတစ်ဘောက်လည်း စိတ်အေးရပေသည်။

A King with no crownWhere stories live. Discover now