My Dominant Alpha - 4
Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ
Omega_HEAT: Wattpad
Omega_heat: Telegram
ညှို့မှိုင်းက မြူးထူးနေသည့်ဟန်ဖြင့် ဆိုင်ကယ်ကိုအရှိန်ဖြင့်မောင်းထွက်လာခဲ့တော့သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်အစီစဥ်နဲ့ ပလန်တွေရှိပေမဲ့ ညှို့မှိုင်းက ထိပ်ထားလေးကိုတော့ တကယ်သဘောကျပါသည်။ ထိပ်ထားလေးနဲ့ လက်ထပ်လိုက်ရလို့ အမွေပြတ်စွန့်လွှတ်လိုက်မယ်ဆိုရင်တောင်ရသည်။ထိပ်ထားလေးအတွက်ဆိုရင် ဆောက်လုပ်ရေးထဲဝင်ပြီး အုတ်ပဲသည်ရသည်ရ ၊ ဘီလိပ်မြေပဲ ထမ်းရထမ်းရ ၊ ထိပ်ထားလေးကို လုပ်ကျွေးပါမယ်လေ...
ချိန်းထားသည့် Hotel ရှေ့ရောက်တော့စိတ်ထဲသိပ်ပြီး အမြင်ကမကြည်ချင်ပြန် ဒီလူကအလုပ်ရှုပ်လိုက်တာတွေးမိပြန်၏။ဒီအတိုင်းပဲ ဇွဲကောင်းနဲ့ပဲ ဆွေးနွေးလိုက်ရင် သးအခုချိန် ထိပ်ထားနဲ့ကော်ဖီ အတူထိုင်သောက်ရင် သောက်နေလို့ရမှာကို...
အခန်းရှေ့ထိရောက်လာသည့်အခါ တံခါးခေါက်လိုက်တော့ ထိုလူက လာဖွင့်ပေးသည်။ ရေချိုးပြီးကာစပုံစံနှင့် ထိုလူ့ဆီက အရှိန်အဝါတစ်ခုက ညှို့မှိုင်းရှေ့မှာရှိနေ၏။ညှို့မှိုင်းလည်း နည်းနည်းပါးပါး ဟိုချိုး ဒီချိုးနှင့် ဇာတ်တွေဘာတွေချိုး လက်တွေချိုးနှင့် အကြောလျှော့လိုက်၏။ထို့နောက် ထိုလူ့အနောက် လိုက်လာခဲ့လိုက်သည်။
" ခင်ဗျား မေးချင်တာမေးလို့ရပါတယ် ကျုပ်ဖြေပေးမယ်"
"အသက်ဘယ်လောက်လဲ.."
"ဗျာ.."
"မင်းအသက်လေ..."
"၂၇ နှစ်ပါ"
"ကိုယ့်ထက် ၃ နှစ်ငယ်တာပဲ....Alpha နော် .."
"Omega နဲ့တူနေလို့လား"
"ယောက်ျားချင်းချင်းလိင်ဆက်ဆံဖူးလား..."
ညှို့မှိုင်း ထိုလူကို မျက်မှောင်ကုတ်လျှက် ကြည့်လိုက်ပြီး သက်ပြင်းချမိသည်။ ဘာတွေမေးနေတာလဲအလုပ်အကြောင်းပဲမေးလေဆိုပြီး ခေါင်းကိုခေါက်ပစ်ချင်စိတ်တွေလည်းများလှ၏။
YOU ARE READING
My Dominant Alpha
FantasySky💙 Dominant Alpha ရဲ့ညီမကို လိုက်ဖို့ကြိုးစားနေတဲ့ Alpha Alpha နဲ့ Dominant Alpha အကြားက ကိစ္စလေးတစ်ခုကြောင့် ....... ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ DA ရဲ့လွမ်းမိုးမှုတွေက Alpha ကဘယ်လို ခံရမလဲ၊ မျိုးတူ Alpha ဖြစ်နေတဲ့သူတို့နှစ်ယောက်ကြား ဘယ်လိုတွေများပ...