My Dominant Alpha - 3
Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ
Omega_HEAT: Wattpad
Omega_heat: Telegram
ညှို့မှိုင်းတို့ပြန်ထွက်သွားတော့ အာဏာစက်က ညှို့မှိုင်းကို တစ်လျှောက်လုံး စိုက်ကြည့်နေမိသည်။ အာဏာစက်ကို Alpha တိုင်းက ဖိန့်ဖိန့်တုန်နေအောင်ကြောက်ကြသည်။ မျက်နှာတစ်ချက်ပျက်တာနဲ့ သူတို့က သူတို့နည်း သူတို့ဟန်နဲ့ရှောင်သွားတတ်ကြသည်။ဘာကြောင့်လဲဆိုရင် အာဏာစက်က 0 Level Dominant တစ်ယောက်မို့လေ ။သို့ပေမဲ့ အနှီကောင်လေးကတော့ နည်းနည်းမှစိတ်ဝင်စားပုံမပြဘူး ။ အကြောခပ်တင်းတင်းနဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဆိုတာ ပေါ်လွင်လှသည်။
Alpha တစ်ယောက်မို့ မာန်ပါသည်။မျက်နှာက ခက်ထန်ပြီး ကြည့်ကောင်းသည့်အထဲတွင်ပါသည်။နောက်ပြီး သူ့ရဲ့ Phenomenon ရနံ့က နာမည်နှင့်လိုက်အောင် သစ်တောစိမ်းရနံ့ဖြစ်၏။တစ်နည်းအားဖြင့် ပြီးပြည့်စုံသည့် ဖွဲ့စည်းပုံအောက်၌ လှပခြင်းဆိုတဲ့ စကားလုံးနှင့်လည်းလိုက်ဖက်နေပြန်သည်။
"ဟွန့် စိတ်ဝင်စားဖို့ကောင်းသားပဲ"
ဂိမ်းအခြေအနေကိုကြည့်ရတာတော့ သူတို့ေပြာတဲ့အတိုင်းပဲ အောင်မြင်နိုင်ချေများတယ်။ စပွန်ဆာပေးဖို့ဆိုတာ မခက်ခဲလှပေ။ အာဏာတို့ဘက်က နည်းနည်းလောက်ပေးပြီး များများပြန်ယူနိုင်မဲ့အခွင့်အရေးလည်းရှိတာမို့ စဥ်းစားနေစရာလည်း မလိုသည့်အခြေအနေပင်။ သို့ပေမဲ့ ဒီလိုလွယ်လွယ်လေးနဲ့ လုပ်ထုံးလုပ်နည်းအတိုင်းကြီးသွားရင် ပျင်းစရာကောင်းနေမှာကို အာဏာစက်သိတာပေါ့ ပျော်စရာလေးတွေရှာပြီး ပူပူနွေးနွေးလေးတွေဖြစ်အောင် လုပ်ကြည့်ချင်တာကြောင့်ဖြစ်သည်။
Ting....Ting.....
"Hello...."
"ကိုယ်ပါ အာဏာစက်ထိပ်ခေါင်"
ညှို့မှိုင်း အိပ်မှုန်စုတ်ဖွားဖြင့်ထထိုင်လိုက်ပြီး နာရီကိုတစ်ချက်ကြည့်လိုက်၏။မနက်နှစ်နာရီထိုးကြီး ဖုန်းခေါ်တာက ကြီးကရိုင်းစိုင်းရာမကျဘူးလား
YOU ARE READING
My Dominant Alpha (Complete)
Fantasy(Warning !! ဟုတ်ပါတယ် အပြာစာပါ ) Sky💙 Dominant Alpha ရဲ့ညီမကို လိုက်ဖို့ကြိုးစားနေတဲ့ Alpha Alpha နဲ့ Dominant Alpha အကြားက ကိစ္စလေးတစ်ခုကြောင့် ....... ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ DA ရဲ့လွမ်းမိုးမှုတွေက Alpha ကဘယ်လို ခံရမလဲ၊ မျိုးတူ Alpha ဖြစ်နေတဲ့သ...
