Club က room တစ်ခု၌..
"အဟား! ကိုသူရရယ် ဖြစ်ရမယ်"
"မရယ်ပါနဲ့ ဇိန်းရာ"
အားရပါးရ အော်ရယ်ကာ စီးကရက်ကိုင်ထားသောလက်လေးနှစ်ချောင်းက ဟန်ပါပါ အရက်ခွက်လေးကိုကိုင်၍ မော့ချလိုက်ပြန်သည်။ သူဌေးရဲ့မွေးနေ့ပွဲမလို့ထင်သည် လူစည်သည်။ရုံးကလူတွေဖိူ့ club တစ်ခုကိုငှားပေးထားခြင်းကြောင့်သောင်းကျန်းနေခြင်းသာ။ ကုန်သွားသောဖန်ခွက်လေးအား စားပွဲပေါ်ပြန်တင်ကာ ဆေးလိပ်ကိုတစ်ချက်မှ ရှိုက်ဖွာလိုက်သည်။
"မင်းသတင်း အတော်မွှေးနေတာနော်ဇိန်း ဆေးတွေဘာတွေများရှိလားကွာ"
"ကိုသူရကတော့ ပေါက်ကရပြောပြီ စော်ကြည်တာက ဇိန်းရဲ့မွေးရာပါ ပါရမီလေ သိတယ်မလား "
"အေး မင်းနောက်နေသိလား နောက်ပစ်မှတ်ကဘယ်သူတုန်း"
"ပစ်မှတ်ထားစရာမလိုပါဘူး သူအလိုလို...ဝှီးး...ရွှစ်"
အသံဖြင့်ပြောကာ လက်ကလေးအား လေယာဉ်ပျံတစ်စင်းနှယ်လှည့်ပတ်ပြ၍ ဘယ်ရင်အုံ၌ စိုက်ရောက်သည့်ပူံစံမျိုး ခပ်ပြောင်ပြောင်လုပ်ပြသည့်အခါ အကုန်လုံးက သဘောတကျရယ်ကြပြန်သည်။
ချပ်...
တံခါးပိတ်သံမလို့ အကုန်လူံးရဲ့အကြည့်ဟာ ထိုနေရာသို့ အပြင်မှာ ကခုန်နေတဲ့သူချည်းမို့ သူများတွေက အကဲခက်နေသော်လည်း ဇိန်းမှာစောက်ဂရုစိုက်ခြင်းမရှိ မှန်ဖြင့်ကာထားကာ အပြင်ဘက်ကိုမြင်ရ သောကြောင့် ကခုန်နေတဲ့မြင်ကွင်းကိုကြည့်၍ စီးချက်အလိုက်အရက်ခွက်လေးအားနှဲ့နေသည်။ အရက်ကြောင့်ရီဝေဝေဖြစ်နေသောမျက်လုံးတစ်စုံဖြင့် ဝင်လာကာ ကိုယ်လုံးပေါ်အင်္ကျီကိုမှ အောက်နားက ကြိုးလေးဖြင့်ရှုံ့ထားသည်။ လှိုင်းတွန့်လို ဆံပင်တွေကြား မျက်လုံးတို့က အရက်ခွက်ကိုနှဲ့ကာ မှန်ဘောင်မှ က' နေသူတွေအားကြည့်နေသောဇိန်းဆီသို့ကျရောက်နေသည်။
ရင်အစုံမှာ ဖွံထွားကာ တင်ပါးမှာလည်းတောင့်လှသည်။ထိရက်စရာမရှိအောင်ဖြူနုသောအသားနဲ့ မျက်နှာလှလှဟာ ပုရိသတို့သဘောကျချင်စရာပေ။
သို့သော် သူမဟာ ပုရိသယောကျာ်းသားတွေအားကျော်၍ ဇိန်းဆီကိုသာယိုင်နဲ့နဲ့လျှောက်လာသည်။