"ဗိုလ်ကတော်"Part(1)
အချိန်ကား ၁၉၆၀ခုနှစ်။
(လွတ်လပ်ရေးခေတ်ဦးကာလ)တော်သလင်းလပြည့်နေ့။
ပဲခူးရိုးမ အနီး
ကျီးပင်စုကျေးရွာ..."ဒိုင်း"
"ဘခက်ကိုဘာမှတ်နေလဲ"
"ဗုန်း"
"အမလေး"
ပြောလဲပြော ဒူးထောက်ရက်သားဖြစ်နေတဲ့သူရဲ့ရင်ဘတ်ကိုဆောင့်ကန်လိုက်သည်မို့ အကန်ခံရတဲ့ထိုသူမှာ ကြမ်းပြင်ပေါ် ဗုန်းခနဲလဲကျသွားလေသည်။
ထိုသူကား ကျီးပင်စုရွာသူကြီးသား ငလှဖြစ်သည်။
စင်စစ် သူတို့အရှေ့မှာ ရောက်နေသည်က ဓားပြဗိုလ် ဘခက်။
ဘေးပတ်လည်မှာ သေနတ်ကိုယ်စီ ဓားကိုယ်စီနဲ့၈ယောက်အဖွဲ့က သူတို့မိသားစုကိုဝိုင်းထားကြသည်။ကျန်တဲ့၄ယောက်က အိမ်အပေါ်ထပ်အိမ်ခန်းထဲတွေပါမချန် ပစ္စည်းတွေကိုရှာဖွေနေလေရဲ့။"တစ်ယောက်မှ စောက်သံမထွက်ပဲ တောင်းတုန်းပေးလိုက်ရင်ကောင်းမယ်နော်"
"ကျုပ်တို့မှာ ဘာမှမရှိပါဘူး မောင်ရင်တို့ရယ်"
ကျီးပင်စုရွာသူကြီးရဲ့ ထိုစကား။
"ကလိမ်ကကျစ်နဲ့ -ာ စကားလာမပြောနဲ့ ဘခက်ကို အချဉ်မှတ်နေလား"
"ဂျောက်"
ဘခက်တစ်ယောက် လက်ထဲကသေနတ်ကို သူကြီး နဖူးမှာချိန်လိုက်လေသည်။ထိုအချိန်မှာပဲ
"ဆရာ ကျုပ်တို့တွေ့ပြီ"
အိပ်ခန်းထဲကနေထွက်လာတဲ့ တပည့်တွေယူလာတဲ့သေတ္တာတွေကို ဖွင့်လိုက်တော့ ရွှေတွေပင်။သေတ္တာနဲ့၂လုံးတိတိ။သူသေချာသိသည်။ဒီသူကြီးအိမ်က အမွေခံအိမ်။ဘယ်လောက်ချမ်းသာလဲ သူသေချာသိသည်မဟုတ်လား။ထိုအမွေတွေကလဲကောင်းရောင်းကောင်းဝယ်လုပ်ပြီးရထားတာမဟုတ်။လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်ထဲက မျက်နှာဖြူတွေကို
-င် ပေးပေါင်းပြီး လယ်သမားတွေဆီကအတိုးကြီးယူကာ ချစ်တီးကျပြီး ရထားတဲ့ဟာတွေ။"ဟေ့ကောင်တွေပြန်မယ်"
ပြောလဲပြော သူတို့အဖွဲ့အိမ်အောက်ကိုဆင်းလာစဉ်
YOU ARE READING
ဗိုလ်ကတော်(Unicode)(Ongoing)
Romanceဓားပြဗိုလ် ဘခက် နဲ့ ခနောင်ထိုရွာရဲ့ ငွေတိုးချေးစားတဲ့ချစ်တီးမလေး ငွေမှုန်းခြယ် တို့ရဲ့ ဓားပြတိုက်ရာကနေဆုံတဲ့ အချစ်ဇာတ်လမ်းလေးပါနော်🤍 တောရွာficလေးဆိုပေမဲ့ ကျွန်တော်ရေးနေကျပုံစံမဟုတ်ဘူးပေါ့နော်