"ဗိုလ်ကတော်"Part(4)
———-"ဘုန်း ဘုန်း"
မှုန်းတစ်ယောက်တံခါးကို သူမလက်နဲ့အသားကုန်ထုရိုက်နေမိသည်။
"ဟဲ့အကောင် ဓားပြစုတ် ကျုပ်ကိုလွှတ်ပေးစမ်း တော် ယောက်ျားဖြစ်ပြီး ကျုပ်ကိုဒီလိုဖမ်းထားလို့ရမလား လူယုတ်မာ မကောင်းတဲ့အကောင်"
"............."
"ကျုပ်ပြောတာကြားကြလား ကျုပ်ကိုလွှတ်ပေးကြစမ်းပါ"
"ဘုန်း ဘုန်း"
"ဆရာ"
အိမ်ထဲမှာသောင်းကျန်းနေတဲ့ ချစ်တီးမကြောင့် တပည့်ဖြစ်သူတွေလဲ ဘခက်ကိုနားမလည်နိုင်တော့။ဘာကြောင့်များ ဒီလိုမိန်းမကို ဆရာက ခေါ်ခဲ့ပါလိမ့်။
"ဒီနေ့ မင်းတို့ ဘာမှမရခဲ့ဘူး ငါ့ကြောင့်မရတာဆိုတော့မင်းတို့ကိုငါပြန်ပေးမယ်"
ပြောလဲပြော သူသိမ်းထားတဲ့ထဲက လက်ဝတ်လက်စားတချို့ကိုတပည့်တွေကိုခွဲဖို့လုပ်နေသည့် ဘခက်ကြောင့်
"ဟာ မဟုတ်တာဆရာရာ ကျုပ်တို့အတွက်တစ်ခါတစ်လေလေးမရတာကို ဘာမှမဖြစ်ဘူး"
"ငါပေးတာယူ စော-က်ရစ်တွေရှည်မနေနဲ့"
ပြောလဲပြော ပစ္စည်းတွေကို တပည့်တွေဆီပစ်ပေးလိုက်သည်။
"ရော့ ဟေ့ကောင်ငချစ် အဲ့တာမင်းဝေစု"
"ဟုတ် ဆရာ"
"ရော့ အောင်သာ ဒါမင်းအတွက်"
"ဟုတ် ဆရာ"
တပည့်တွေဆီ ဟိုလူ့ဆီ ဒီလူ့ဆီအသီးသီး ပစ္စည်းတွေပစ်ပေးပြီးသည်နှင့်
"ဆရာ ဟို ဟိုလေ"
"ပြောလေ ဘာဖြစ်နေတာလဲ"
"ကျုပ် ကျုပ်တို့သိချင်တာလေး ရှိလို့ ဆရာ"
"ဘာလဲ"
"ဟိုမိန်းမကို ဘာလို့ခေါ်လာတာလဲ ဆရာ"
သူ့ရဲ့လက်စွဲတပည့်ဖြစ်တဲ့ငလုံးစကားကြောင့် ဘခက်မျက်ခုံးပင့်သွားသည်။ထို့နောက်မှာတော့
"ငါယူဖို့"
"ဗျာ...."
"ဟာ ဆရာရယ် "
YOU ARE READING
ဗိုလ်ကတော်(Unicode)(Ongoing)
Romansaဓားပြဗိုလ် ဘခက် နဲ့ ခနောင်ထိုရွာရဲ့ ငွေတိုးချေးစားတဲ့ချစ်တီးမလေး ငွေမှုန်းခြယ် တို့ရဲ့ ဓားပြတိုက်ရာကနေဆုံတဲ့ အချစ်ဇာတ်လမ်းလေးပါနော်🤍 တောရွာficလေးဆိုပေမဲ့ ကျွန်တော်ရေးနေကျပုံစံမဟုတ်ဘူးပေါ့နော်