Part-1

38 3 0
                                    

ပထမနှစ်ကျောင်းသား ပီပီ လွယ်အိတ်ကြိုးတစ်ဖက်ကို ပုခုံးပေါ်တင်လိုက်ကာ လက်တစ်ဖက်ကရေခဲချောင်းကိုကိုင်လျက် ကျောင်း၀န်းထဲသို့တက်ကြွစွာခြေလှမ်းစတင်လိုက်သည်။

ဘေးနားမှ မြောက်ကြွကြွ ဖြစ်နေတဲ့ မင်ဟျောင်းရဲ့ကော်လံစကို Lucas အမြင်ကပ်ကပ်နှင့်ဆောင့်စွဲလိုက်တော့

"အမလေး ငါ့လည်ပင်း "

အစ်သွားတဲ့ လည်ပင်းကိုကိုင်၍ မျက်စောင်းတစ်ချက်က သူ့ဆီ ဒိုင်းခနဲရောက်လာသည်။

"သေချင်နေတာလား "

"နေပါဦး ဘာတွေအဲ့လောက်ပျော်စရာရှိလို့ခြေထောက်နဲ့မြေကြီးကမထိရတာလဲ"

မင်ဟျောင်း ဖောင်းနေတဲ့အင်္ကျီအိတ်ကပ်ကိုပုတ်ပြလိုက်သည်။

"ဟင်းဟင်း ဒါကဒီလိုရှိတယ်လေ"

"မင်း အန်တီ့ဆီကပိုက်ဆံတွေဘတ်လာပြန်ပြီလား"

"ထိုင်းငွေ လို့ခေါ်တယ်ကွ ငါတော့ကန်တင်းသွားပြီ မြိုချင်နောက်ကလိုက်ခဲ့"

လျှာတစ်လစ်ထုတ်ကာ သူ့နောက်က lucasအားပြောင်ပြလျှက်ပြေးထွက်သွားလိုက်သည်။

"ဟျောင့် စောင့်ဦးလို့"

"အာ့"

မင်ဟျောင်းနာသွားတဲ့နဖူးကိုပွတ်ရင်းရှေ့ကိုကြည့်လိုက်မိတော့ ဘုရားပင်တမိသွားသည်။

သူ့လက်ထဲမှ ပျော်လက်စ ချောကလပ်ရေခဲချောင်းသည် ရှေ့က လူရဲ့ အင်္ကျီဖြူဖြူပေါ်ကို ထိုးလျှက်သား။

ကူပါကယ်ပါ ဟူသောမျက်လုံးများနှင့်သူငယ်ချင်းဖြစ်သူ ကိုကြည့်လိုက် မိသော်လည်းပြေးထွက် သွားသည်မှာ အရိပ်အယောင်ပင် မတွေ့ရတော့။

မင်ဟျောင်းမှာ သွားသေးသေးလေး များကိုအဆုံးထိ ပေါ်အောင် ရယ်ပြလိုက်ပြီး

"ဟီးဟီး စီနီယာထပ်တွေ့ပြန်ပြီနော်"

ရှေ့ကလူမှာမူ မျက်ခုံး၂ဖက်မှာထိစပ်လုမတတ်တွန့်ချိုးနေပြီဖြစ်သည်။

မင်ဟျောင်းမှာ ကြောက်စိတ်ကြောင့် လက်နှစ်ဖက်ကိုယှက်လျှက် ခန္ဓာကိုယ်မှာလဲအငြိမ်မနေနိုင်ပဲ တွန့်လိမ်တွန့်လိမ်နှင့်

SENIORWhere stories live. Discover now