Part-7

26 4 2
                                    

ခပ်စိမ့်စိမ့်အအေးဓါတ်ကြောင့် မင်ဟျောင်းလက်ကြားထဲရှိစီးကရက်ကိုတစ်ဆုံးရှိုက်လိုက်သည်။

၀ေခွဲမရဖြစ်နေသူအဖို့ ရာသီဥတုကပါသူ့ဘက်ပါမနေ။

ဘာတွေကစမှားတာလဲ ။မူးပြီးနမ်းခဲ့မိတာကနေ စီနီယာ့ကိုအများကြီးသဘောကျမိသွားတဲ့အထိလား။ ဟင့်အင်း ရေရေရာရာမရှိတဲ့လူကမင်ဟျောင်းကိုသိပ်စိတ်ပျက်စေတယ်။
______________________________

"ဒီကိစ္စကိုမရှိသလိုပဲသဘောထားလို့ရမလား"

"စီနီယာ!"

"အင်းကိုယ်သိတယ် ကိုယ်စိတ်မထိန်းနိုင်ခဲ့တာ .. အဲ့တုန်းက ပုံမှန် အသိစိတ်မျိုး မရှိနေခဲ့ဘူး မင်ဟျောင်း ..အခုသွေးအေးတဲ့အချိန်ပြန်စဥ်းစားကြည့်တော့ကိုယ့်စိတ်ဆန္ဒကြောင့်.."

"တော်တော့ ဆက်မပြောနဲ့တော့"

"မရဘူးမင်ဟျောင်း ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောမှဖြစ်မယ်"

"ဟင့်အင်း စီနီယာမပြောပါနဲ့"

ငိုသံစွက်၍နားနှစ်ဖက်ကိုလက်နှင့်ပိတ်ကာခေါင်းကိုခါရမ်းမိသည်။နမ်းတောင်နမ်းပြီးမှလေ .. မင်ဟျောင်းမျှော်လင့်မိတာမှားသွားလား။

ထယ်ယုံးမင်ဟျောင်းရဲ့ပုခုံးနှစ်ဖက်ကိုကိုင်၍ သူ့အားအာရုံစိုက်စေလိုက်သည်။

"မင်ဟျောင်း ကိုယ့်ကိုသေချာကြည့် ကိုယ်တို့နမ်းခဲ့တာမှန်တယ် ဒါပေမဲ့ မင်းထင်သလိုသမီးရည်းစားဆိုတဲ့ခေါင်းစဥ်အောက်ရောက်သွားမှာမဟုတ်ဘူး"

"ဟမ် ကျနော့်ကိုဘယ်လိုလူစားထင်တာလဲနမ်းတောင်နမ်းပြီးမှ တာ၀န်မယူချင်တာလား စီနီယာကအဲ့လိုကောင်မှန်းမထင်ခဲ့ဘူး သိလား "

မင်ဟျောင်းစကားကသူ့အားအရှိုက်ထိစေ၏။

"တော်တော့ မင်းစကားလွန်မလာနဲ့
သေချာမှတ်ထား မင်းအရက်မူးတုန်းကငါ့ကိုနမ်းခဲ့သလိုပဲ ငါလဲငါရဲ့သွေးသားတောင်းဆိုမှုကြောင့်သတိလွတ်ခဲ့တယ်အဲ့လောက်ပဲ ဒီနမ်းတာလေးလောက်ကို အရေးကြီးခွင်ကျယ်လုပ်ပြီး မင်းရဲ့အတ္တထဲဆွဲမထည့်စမ်းနဲ့..တောက်!"

SENIORWhere stories live. Discover now