အပိုင်း (၃) ။ ။ (Unicode)

31 1 1
                                    

လာရှိုးအပြန် မန္တလေး အတက်နှင့် 
ကားတစ်လျှောက်လုံး  မောင်းလာရသည်က မန္တလေးတောင်ကြီးကိုမြင်မှ လူက အမောပြေတော့သည်။ ကားကွင်းကိုတောက်လျှောက်
မောင်းလာခဲ့ပြီးမှ ရပ်နားရာ ယာဉ်လိုင်းတွင်
ကားရပ်လိုက်ပြီး ခရီးသည်များ အဆင်းကို
စောင့်ပေးနေမိသည်။ ဒေါသငယ်ထိပ်
ရောက်နေသည့်တိုင် စိတ်ကိုဖွင့်ချပြစ်လို့က မရ ။ သူ့ အကြောင်း မသိသည့် သူတွေနှင့်ဆို
သူကလည်း သူ့ရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းတိုင်းကို ချမပြချင် ။ ဝေဖန်မှာ ဆိုးထိတ်လို့လား
မဟုတ်ပြန် ။ သူကိုက အုံပုန်း …

အုံပုန်း ဆိုသည်က ပုန်း နေသည်တော့မဟုတ်။
သူ့ရဲ့စိတ်က တခြားသူတွေမှာ ချမပြ၊ ဖွင့်မပြတတ်တာ ။ သူ့စိတ်ကို  အရင်ထဲက လက်ရှိထိ
စိတ်အေးစွာ  ဖွင့်ပြနိုင်သူက တစ်ဦးထဲ …

" ဗျို့ … ဆရာကီး အပြန်ကြောလားဗျ ။
ဝါးတီးဆွဲရေး မဖွင့်တော့ဘူးလား "

" တော်ပြီကွာ …။ စားနှင့်တော့ "

လက်ပြရင်းနှင့်သာ ငဇေ့ကို နှုတ်ဆက်မိသည်။
လူကတော့ ကားရပ်နားကွင်းမှာ ကားဆွဲစဉ်၌
ရပ်နားခဲ့သည့် သူ၏စီးတော်ယာဉ်ဖြစ်သော
ဆိုင်ကယ်‌‌ပေါ်သို့ ရောက်နေပြီ ။

ထွေဆိုင်ဆိုင်ကြီး  အချိန်တစ်ခုကြာ ရပ်နေမိပြီးမှ
စကားထွက်ဖို့ရာ သူ့နှုတ်က ပြင်မိသည်။

" ဒီရက် တွေထဲ … "

နှုတ်က အလိုလို ထွက်ပြီးမှ ခေါင်းရမ်းမိပြန်သည်။

" မဟုတ်သေးဘူးနော် …  လတွေထဲ
ဖြစ်သွားမလား ။ ခရီးကြန့်ကြာသွားတယ်။
အိမ်ပြန်မလာချင်ခဲ့တာ ။
‌ဒေလီယာပန်းတွေလေ …"

" သိပ်သဘောကျခဲ့တာနော် "

တံခါးကို ဖွင့်လျှက် ပန်းစည်းသေးလေးကို
ထိုမှန်ဘောင်ထဲသို့ ထည့်သည်။ လက်က ဘောင်ခတ်ထားသည့် ဓါတ်ပုံလေးစီကို လှန်းလျှက်နှင့် ပြုံးရယ်နေသော မျက်နှာကျနှင့် ရှိနေသည့် မိသားစုဝင်များကို ကြည့်နေမိပြန်၏။

" ဟင်း …"

နှုတ်ဆိတ်လျှက် ရယ်သံက တိုးကပ်စွာပါလာပြန်သည်။

" Cross walk proposal " ( on going)Where stories live. Discover now