" ရဲမင်းကြီး ရောက်ရှိကြောင်း …"
အခေါ်လွှတ်သည့် စကား ပြောစက်မှ ဆက်သွယ်ချက် ရသည်ထဲက သူ ရုံးကနေ ရဲမင်းကြီးရှိသည့် ရဲတိုင်းရုံးသို့ အရောက်ပြရသည်။ သူတို့ယာဉ်ထိန်းရုံးနှင့် ရဲမင်းကြီး၏ ရဲတိုင်းရုံးက ရုံးစိုက်ရာ အထူးတိုင်းရုံး တူမနေကြပေ။
" လေးစားပါတယ် တာ၀န်ခံ အထူးခေါင်းဆောင် "
" လေးစား …"
သူ၏ အလေးပြုခြင်းကို တစ်ဖက် ရဲအရာရှိကြီးက
အသိမှတ်ပြုပြီးသည်နှင့်" ဒါဆို သွားမယ် ဆရာ ။ နောက်လုပ်မယ့် စီမံချက်
တွေ နဲ့ပါတ်သတ်ပြီး ဆရာ့စီ တင်ပြရမယ့် စီမံချက်
အသစ် တွေ ရှိလာရင် လက်ထောက်နဲ့ ပို့ပေးလိုက်မယ် ဆရာ ။ အထူးမူးယစ် အတွက် တော့
မပူနဲ့ ဆရာ ။ အပါတ်စဉ် ထပ်တိုး တာ၀န်ကျ
ရဲ၀န်ထမ်း တွေလည်း ရှိလာတော့ မှာဆိုတော့
ဌာနချုပ်လည်း နိုင်ငံ တော်နဲ့ ပြည်သူ့ တာ၀န်
ကျေ ဖို့ အင်အားများလာ တော့မှာ ဆရာ "" အထူးမူးယစ် OK ပြ နေရင် ကျွန် တော်လည်း
ပြေတာပဲ ။ ခက်တာက … ကျွန်တော်တို့ရဲ့
လက်အောက်ငယ်သားတွေ အဆင်ပြေပြေနဲ့
မပူမပင်ရပဲ တာ၀န်ထမ်း ဆောင်နိုင်ဖို့ ။
အဲ့ဒီ့အတွက် ရှိလာမယ့် လိုအပ်ချက် တွေအတွက်
နိုင်ငံတော်ရဲ့ ၀န်ထမ်းလျာထားရေး ဘတ်ဂျက်
မလုံလောက်မှာကိုပဲ ကျွန်တော်စိတ်ပူတာ ။
ပြေရဲ့လား … လစဉ် ထောက်ပံ့ကြေးနဲ့
လစာစားသောက် နေထိုင်မှုပုံစံ "" ထပ်တိုးလစာပေးဖို့ကိုပဲ ကျွန်တော်လည်း
ဆရာ့ကို တင်ပြချင်တာ ။ လစဉ်ရနေကျ ဖြစ်တဲ့
ရဲတပ်သားတစ်ယောက်ရဲ့ ထောင်စွန်းစွန်း
လစာနဲ့ တစ်လလုံး လည်ပါတ် နေဖို့ဆိုတာ
ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ လူပျို ၊ အပျို
တပ်သား တွေက ချောင်လည် နေစေအုံး …
မိသားစုရှိတဲ့ တပ်သား တွေဆို တစ်ရိပ်ရိပ်တက် နေတဲ့ ကုန် ဈေးနှုန်းနဲ့တင် သူတို့ရတဲ့ လစာက
အကိုက်လောက် သွားကျနေပြီ ။ ကျန်တဲ့ ဗာရီယာ
ကိစ္စ တွေနဲ့ဆို ထမင်းနပ်မှန်ဖို့ နိုင်ငံတော်ကို
အချိန်ပိုကြေးပေးဖို့ပါ ထပ်ပြီး တောင်းဆို
နေရတော့မှာ "
YOU ARE READING
" ရင်ခုန်တယ် ချာတိတ် "( on going)