နိုင်းနိုင်းစနေ
ကံကောင်းခြင်း တံခါးလာခေါက်တဲ့အခါ🍀ကံကောင်းခြင်းစည်းမျဉ်း နံပါတ် ( ၁ )
ကံတရားက အမြဲမကြာရှည်ဘူး ။
အကြောင်းက သူဟာ သင်နဲ့ မသက်ဆိုင်လို့ပါ ။
ကံကောင်းခြင်းက လူတစ်ဦးတစ်ယောက်ရဲ့ ကြိုးစားဖန်တီးမှုနဲ့ဆိုင်တယ် ။
ဒါ့ကြောင့်သူဟာ တာရှည်တည်မြဲတယ် ။☘️လူတော်တော်များများက ကံတရား နဲ့ ကံကောင်းခြင်းကို တစ်ခုတည်းလို့ပဲ တွေးမြင်ကြတယ် ဒီစာအုပ်လေးက ကံတရား နဲ့ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ တကယ့်ကံကောင်းခြင်းက ဘယ်လိုကွာခြားလဲ ပြောပြပေးတယ်
🍀ကံကောင်းခြင်းစည်းမျည်း နံပါတ် ( ၃ )
တကယ်လို့ အခုအချိန်အခါဟာ သင့်အတွက် အချိန်အခါမကျ၊
ကံကြမ္မာငင်နေသေးတယ်ဆိုရင်...
ဒါမှမဟုတ် မပြောင်းလဲတဲ့ ပတ်ဝန်းကျင်ကြောင့်ဆိုရင်...ကံကောင်းခြင်းတံခါး လာခေါက်စေချင်ရင်
အကျိုးအရှိဆုံးနည်းလမ်းက ပတ်ဝန်းကျင်အသစ် ဖန်ဆင်းတာပဲ ဖြစ်တယ် ။☘️ကံကောင်းတယ်လို့ လူတွေထင်ကြတဲ့ သူတွေမှာ သူတို့ကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ ပတ်ဝန်းကျင် တစ်ခုရှိတယ် ဆိုတာ မြင်အောင်ကြည့်ရင် မြင်နိုင်ပါတယ်
ကိုယ်တိုင်လည်း ကံကောင်းခြင်း အပင် ပေါက်နိုင်တဲ့ အခြေအနေ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးကြည့်ဖို့တောင် မကြိုးစားကြည့်ဖူးပဲတော့ ကံမကောင်းလိုက်တာလို့ ထိုင်ပြီး ညည်းတွား မနေသင့်ပါဘူး🍀ကံကောင်းခြင်းစည်းမျည်း နံပါတ် ( ၁၀ )
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ
သင့်တော်တဲ့ ပတ်ဝန်းကျင်ကို ကြိုတင်ဖန်တီးတာပါပဲ။
အခွင့်အလမ်းက ကံဆိုး၊ကံကောင်းနဲ့ မဆိုင်ပါဘူး ။
အခွင့်အလမ်းဆိုတာ အမြဲရှိနေပါတယ်။
ဒါ့ကြောင့်...
ကံကောင်းခြင်းကို ဖန်တီးဖို့
တစ်ခုတည်းသော လိုအပ်ချက်က
ပတ်ဝန်းကျင်ကို ဖန်တီးတာပဲဖြစ်ပါတယ် ။☘️နောက်ထပ် သတိထားမိလိုက်တာက Manifest လုပ်ခြင်းရဲ့ သဘောတရား တစ်ချို့ကိုပါ Visualize လုပ်တယ် Manifest လုပ်တယ် ကိုယ်တိုင်က ဘာပတ်ဝန်းကျင်ကိုမှ အားစိုက်ထုတ် မဖန်တီးနေဘူးဆိုရင် Universe ကပေးလာတာတွေကို သိလိုက်မှာ မဟုတ်သလို ကံကောင်းခြင်း တံခါးလာခေါက်သံကိုလည်း ကြားလိုက်မိမယ် မထင်ဘူး
☘️ ကိုယ်တိုင် ကံကောင်းတဲ့သူ ဖြစ်လာဖို့ ကိုယ် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကိုင်ရင်း ကံကောင်းခြင်းအပင် ပေါက်လာဖို့ ဘယ်လို ပတ်ဝန်းကျင်မျိုးကို ဘယ်လိုဖန်တီးသင့်တယ်ဆိုတာတွေ ရယ် နောက်ထပ် ကံကောင်းခြင်း စည်းမျည်း ဘယ်လောက်များများ ရှိနေသေးလဲ စိတ်ဝင်စားရင် " နိုင်းနိုင်းစနေ ရဲ့ ကံကောင်းခြင်း တံခါးလာခေါက်တဲ့အခါ " စာအုပ်လေးမှာ ဖတ်ကြည့်ပါနော်
YOU ARE READING
Book Review by me
Non-Fictionဖတ်ဖူးခဲ့တဲ့ သဘောကျမိတဲ့ စာအုပ်များကို စိတ်ကူးပေါက်သလို review ရေးပေးပါမည် ✌️✌️