အခန်း (၂၀)

703 13 0
                                    

အခန်း (၂၀)

"ဒေါက်တာ"

လေညှင်း ကုသဆောင် ၅ မှ လူနာတွေအား လိုက်လံကြည့်ရှုပြီးလေတော့ ရုံးခန်းသို့ ပြန်ရန် ဓာတ်လှေကား စောင့်စား‌ရာ နေရာသို့ လူသုံးယောက် ရောက်လာကာ အလယ်ကလူက ခေါ်ဆိုလိုက်လို့ လေညှင်းဘေးဘက်ကို လှည့်ကြည့်မိလေ၏။

"ဟုတ်ကဲ့"
လေညှင်း ခေါင်းညိမ့်ပြကာ ပြန်လည်အသိအမှတ်ပြု ဟုတ်ကဲ့ဟု ပြောလိုက်မိရာ လေညှင်းအား အဓိပ္ပာယ်‌မပေါ်လွင်သော အပြုံးပြုံးကာ ကြည့်လို့နေရင်း

"မင်္ဂလာပါ ဒေါက်တာ၊ကျွန်တော့်နာမည် သာထက်ပါ၊နှလုံးအစားထိုးခွဲစိတ် ကုသဖို့ လုပ်နေတဲ့ လူနာ.....ရဲ့အစ်ကိုပါ"
"ဪ ဟုတ်ကဲ့၊ကျွန်မတို့လည်း ရှင်နဲ့ ဆွေးနွေးချင်နေတာ"

လေညှင်းနဲ့အတူ လက်ထောက်ဆရာဝန်မလေး အိအိသွယ်နှင့် လူနာရှင် သုံးယောက်တို့ ဓာတ်လှေကားအတူစီးလို့ ဆေးရုံအပေါ်ထပ်သို့ တက်လာခဲ့ကြရလေသည်။
နျသလူနာရှင်နဲ့အရင်မဆွေးနွေးခင် လူနာအား သွားရောက်ကြည့်ရုပြီး သာထက်ဆိုသူကို ရုံးခန်းထဲသို့ ခေါ်ဆောင်လာခဲ့လေ၏။

"လူနာကို နှလုံးအစားထိုးဖို့က နှလုံးအလှူရှင် ရှိရဲ့လား"
"ရှိပါတယ် ဒေါက်တာ"

"ကျွန်မတို့ လူနာကို အားပြည့်စေဖို့ အရင် လုပ်ဆောင်ရမယ်၊ပြီးမှ ခွဲခန်းထဲ ပို့လို့ရမှာပါ၊ခွဲစိတ်ဖို့အတွက် လုပ်ဆောင်ရမဲ့အရာတွေ လိုက်နာရမဲ့အရာတွေကို ကျွန်မရဲ့လက်ထောက်ဆရာဝန်မလေးက ရှင်းပြပါလိမ့်မယ်"
"ဟုတ်ကဲ့ ဒေါက်တာ"

လေညှင်းမျက်နှာကိုသာ ငေးမောကြည့်နေတဲ့ သာထက်ဆိုသူကြောင့် လေညှင်း သက်ပြင်းချမိလိုက်လေသည်။
သာထက်ဆိုတဲ့သူကို ‌လက်ထောက်ဆရာဝန်မလေး အိအိသွယ်က တစ်ခုခြင်းဆီ မေးမြန်း ရှင်းပြခဲ့လေသည်။

"ဒေါက်တာတို့ နှစ်ယောက်စလုံးကို ကျေးဇူတက်ပါတယ်၊ကျွန်တော့်ညီကို ခွဲစိတ်တဲ့အခါ ဒေါက်တာလေညှင်း ဦးဆောင်ပေးဖို့ တောင်းဆိုပါရစေ"

"အဲ့ကိစ္စက လေညှင်းတို့ အစည်းအဝေးထိုင်ပြီး ဆွေးနွေးပြီးမှ အတတ်ပြောလို့ ရမှာပါ"

မျှော်ငေး လွမ်းရပါသော်လည်းWhere stories live. Discover now