Chapter 41

1.1K 164 1
                                    

🧝Chapter 41

"ဟေ့ မင်းတို့ရွာက တိုဟူးအလုပ်ရုံက သာ့ဟယ်စားသောက်ဆိုင်မှာ နှစ်​မြုပ်ထားပေမဲ့ ငါတို့ရဲ့ ဖောက်သည်တွေက သူတို့ဖောက်သည်​တွေနဲ့ မတူဘူး...ပြီးတော့ ဖောက်သည်အတွက်လည်း ဘာအပြိုင်အဆိုင်မှ မရှိဘူး...ဟယ်ကောအာ အဲဒါကို သိပ်ပြီး ​​တွေးမနေပါနဲ့... ထားလိုက်ပါ... ရှိခဲ့ရင်တောင် တရားမျှတတဲ့ ပြိုင်ဆိုင်မှု မဟုတ်ဘူးလား... ငါတို့ရဲ့စျေးနှုန်းက သာ့ဟယ်စားသောက်ဆိုင်ထက် ပိုကောင်းမယ်ဆိုတာ ငါသေချာပါတယ်"

သို့သော် ခေါင်းထဲတွင် အတွေးများ တဒွီဒွီဝင်နေပြီဖြစ်သော မြောင်ဟယ်နားထဲသို့ မည်သည့်အရာမှ မဝင်ခဲ့ပါချေ။သူတို့ မည်သို့မည်ပုံ လက်ဖက်ရည်ဆိုင်မှ ထွက်လာခဲ့သည်ကိုလည်း သူမသိလိုက်ပေ။

သူနှင့် ရန်သာ့လန် မြို့အဝင်ဝနားရောက်သည့်အခါ မြောင်ဟယ်လမ်းလျှောက်နေသူကိုတားပြီး မေးလိုက်သည်။

"ခင်ဗျားအမဲလိုက်တဲ့အခါ မီးအိတ်နဲ့တူတဲ့ယမ်းမှုန့်သုံးတာ သတိထားမိတယ်...ယမ်းစိမ်းဆိုတာ ကြားဖူးလား"

ရေခဲဆိုသည့် အတွေးက မြောင်ဟယ်၏ နှလုံးခုန်နှုန်းကို မြန်လာစေသည်။

ယခုဆိုလျှင် နွေရာသီက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ နေ့တိုင်း ပူပြင်းလှပြီး အေးအေးလူလူနေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စမ်းချောင်းတွင် ရေချိုးခြင်း ဖြစ်သည်။ အအေးခံထားသည့် သစ်သီးဖျော်ရည်တွေနှင့် အေးခဲထားသည့် အချိုထုတ်ကုန်တွေကို ထုတ်လုပ်နိုင်ပေမဲ့ အများသူငှာနှင့် ဝေးရာမှာ သိမ်းထားရမည်ဆိုလျှင် မြောင်ဟယ်က စိတ်ပျက်မိပါလိမ့်မည်။

လူသိရှင်ကြားပြသလိုပါက လုံခြုံရေးအတွက် ခိုင်မာသောကျောထောက်နောက်ခံရှိရပါမည်။ လက်ဖက်ရည်ဆိုင်၏နောက်ကွယ်က သခင်က သင့်လျော်သည့် ကိုယ်စားလှယ်လောင်း မဟုတ်ပါ​လော။ ထို့အပြင်၊ တို့ဟူး​နှောင်း၏နောက်ကွယ်မှလူသည် အချိန်ခရီးသွားသူဖြစ်ပါက ထိုသူက ၎င်းကို မှတ်မိပြီး ၎င်းတို့ကိုယ်တိုင် အနှေးနှင့်အမြန် ထုတ်ဖော်​ကြမည်ဖြစ်သည်။ပြတ်ပြတ်သားသား လုယူခြင်းသည် ပိုကောင်းမည်မဟုတ်ပေလော။ဥပဒေသတ်မှတ်ချက်ဘောင်ကျဥ်းကျဥ်း​​လေးအတွင်းမှ လုယူခြင်းမဟုတ်ဘဲ ပေါက်ဖွားလာသောအခွင့်အရေးကို ဦးစွာရယူပြီး ထိုလူထက် ငွေပိုရအောင်လုပ်ခြင်းကပိုကောင်မည်မဟုတ်ပါလော။ထိုလူက မြောင်ကျွယ်၏အိမ်တွင် ပုန်းနေပုံရသည်က ပြောစရာပင်မလိုပေ။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now