ယုတို့အိမ်ပတ်ဝန်းကျင်မှာ ကြည့်စရာ ဘာမှမရှိ။ အိမ်ရှေ့က စက္ကူပန်းပင်လေးရယ်၊ မျက်စောင်းထိုးမှာတော့ အိမ်တစ်အိမ်။ လမ်းကြားလေးမို့ လူနေကျဲသည်။ ဟိုးလမ်းထိပ်က ကားတစ်စီးဝင်လာသည်။ စလွန်းကားလေးထဲမှာ တစ်ယောက်က နှင်း။ ယုသိသည်။ နှင်းတို့ကုမ္ပဏီ ယူနီဖောင်းက အနီရင်ဖုံးနှင့် ထမိန်အမဲ ဝတ်ရသည်။ ရင်ဖုံးမှာ နေကြာပန်းပုံ ကုမ္ပဏီတံဆိပ်ကလေး။
ကားလေးက အိမ်ရှေ့ရပ်တော့ အထဲကနေ နှင်းရယ် စမတ်ကျကျဝတ်ထားသော ယောကျ်ားတစ်ယောက်ရယ် ထွက်လာသည်။ ဆံပင်ကတော့ အမိုက်စား၊ ရှပ်အင်္ကျီဖြူ၊ ခေတ်ဆန်ဆန် အနောက်တိုင်းဘောင်းဘီ၊ နေကာမျက်မှန်။ အရပ်ကလည်း တော်တော်မြင့်တာ နှင်းနဲ့ ဘယ်လိုပက်သက်နေပါလိမ့်။
“ကို ဘာကြည့်နေတာလဲ ဝင်ခဲ့လေ”
“နှင်းက အရမ်းလှလို့”
“အပိုတွေ ဒီလောက်နေ့တိုင်းနီးပါး တွေ့နေတာကို။ အိမ်ထဲဝင်ရအောင်။ ဒီတစ်ရက်ပဲ အန်တီရယ် အငယ်မရယ် မရှိတာ”
“ဟုတ်တယ်။ နှင်းညီမ ရောက်လာပြီးကတည်းက ကိုတို့ အချိန်သိပ်မရတော့ဘူး”
“ကိုနော် နှင်းညီမကို ငြိုငြင်တာလား။ နှင်းမှာ ဒီညီမပဲရှိတာ။ ညီမထိ ဓားကြည့်”
ပြောပြောဆိုဆိုနှင့် နှင်းလက်များက ထိုသူရင်ဘက်ကို မနာအောင် ထုပစ်လိုက်သည်။ ထိုလူကလည်း အပြုံးမပျက်။ နှင်း သော့ဖွင့်ပြီးတော့ အိမ်ရှေ့ဝင်ပေါက်မှ ထိုသူက နှင်းကို သိုင်းဖက်ရင်း သူတို့ဝင်လာကြသည်။
နှင်းတို့ အိမ်ထဲဝင်လာပြီ ဧည့်သည်လည်းပါသည်။ ယု အနည်းဆုံးတော့ ဧည့်ဝတ်ကျေချင်သည်။ အအေးနှင့်မုန့် နှင်းကို လုပ်ပေးမှဖြစ်မယ်။
” ဝါး……”
လက်နှစ်ဖက် မိုးပေါ်ဆန့်၊ ခါးကော့၊ အကြောဆန့်ကာ အိမ်နေဘောင်းဘီပေါ်က ထမိန်ထပ်ဝတ် အပေါ်က တီရှပ်ကို သေသပ်အောင်လုပ်ပြီး လှေကားကနေ အိန္နြေရှိရှိ ယု ဆင်းလာလိုက်သည်။ နှင်းတို့အလုပ်က အသိတစ်ယောက်ရဲ့ရှေ့မှာ နှင်းကို မျက်နှာပျက်အောင်လုပ်လို့ မဖြစ်။ ယု လှေကားခြေရင်းရောက်တော့ မြင်လိုက်ရသော မြင်ကွင်းက ယုကို လှေကားအကွယ်သို့ ပြန်ရောက်သွားစေသည်။
YOU ARE READING
ပန်းပုံပြင်
Actionပန်းပုံပြင် introduction ဆိုလည်း ဟုတ်ပါတယ်။ ဒီအတိုလေးကို ၂၀၁၆ တုန်းက အချစ်တက္ကသိုလ်မှာ ပထမဆုံး ရေးဖြစ်ခဲ့ပါတယ်။ ဖြစ်ရပ်မှန် personal experience လေးပါ။ ဘဝမှာ မဟုတ်တာတွေ စလုပ်တတ်တဲ့ အတွေ့အကြုံလေး အမှတ်တရ။ စရေးတုန်းက Teen diary ကနေ ပန်းပုံပြင် ဇာတ်လမ်း...