"သခင်လေး...မပြေးနဲ့ လှဲလိမ့်မယ်!"
ရှေ့ကနေ လုံးလုံးလေးနဲ့ ပြေးထွက်လို့ သွားသော သခင်လေးနောက်ကို Bodyguard ဖြစ်တဲ့ Hansol တစ်ယောက် အပြေးလိုက်ရသည်။
"သခင်လေး!သခင်လေး...ကျွန်တော့်ကို စောင့်ပါအုံး"
"အဟွန်း...မော...မောလိုက်တာ သခင်လေးရယ်"
ရင်ဘတ်ကို လက်နဲ့ဖိကာ အမောတကောဖြင့် ပြောသည်။
ရှေ့က သခင်လေးက ဘေးနားက တွန်းလှည်းနဲ့ ဆိုင်ကို လက်ညှိုးထိုးပြသည်။
"အာတာပူစီ စားချင်လို့လား"
မေးလိုက်တော့ ခေါင်းလေး တဆတ်ဆတ်ငြိမ့်ပြရှာသည်။
"ကျွန်တော် သွားဝယ်လိုက်မှာမို့ ဒီနားလေးက ထိုင်စောင့်နေနော်"
ထိုသို့ပြောတော့ ဘေးနားခုံတန်းလေးမှာ ချက်ချင်း ထိုင်လိုက်ပြီး မြန်မြန် သွားဝယ်ချီဆိုသော အမူအရာဖြင့် မျက်စောင်းလေးထိုးပြသည်။
အလျင်အမြန်ဖြင့် ဆိုင်နားကို သွားလိုက်သည်။
"ဦးလေး ဒါ ဘယ်လောက်လဲ?"
"ဝမ်***ပါ"
"ရော့"
ပိုက်ဆံ မြန်မြန်ရှင်းကာ ခုနက ခုံတန်းလေးဆီ ခပ်သွက်သွက် ပြေးသွားလိုက်သည်။
"ရပါပြီ သခင်လေး"
လက်ထဲက ကိုင်လာတဲ့ မုန့်ကို မြင်ပေမယ့် သခင်လေးက နှာခေါင်းရှုံ့သည်။
"ဘာလို့လဲ"
ဆိုင်ထဲကို ပြန် လက်ညှိုးထိုးပြသည်။
နောက်တော့မှ သဘောပေါက်ကာ
"အဖြူလေးပဲ ယူလိုက်ပါ သခင်လေးရယ် အပြာယူရင်ကြ ဆိုးဆေးတွေ ပါနေမှာဆိုးလို့ ဒါစားတာတောင် သခင်ကြီး သိသွားရင် ပြောလိမ့်မယ်"
အဲ့လိုပြောတော့မှ လက်ထဲက အာတာပူစီကို ယူပြီး ဖောက်ကာ စားတော့သည်။ စားနေရင်းကနေ အနည်းငယ်လောက် ဖဲ့ပြီး သူ့ကို ကျွေးသည်။
"ကျွန်တော် မစားတော့ပါဘူး"
ကလေးတစ်ယောက်ကဲ့သို့ အာတာပူစီကို ပျော်ရွှင်စွာ စားလို့နေတဲ့ သခင်လေးဟာ သိပ်ချစ်ဖို့ကောင်းသည်။
YOU ARE READING
𝐒𝐄𝐕𝐄𝐍𝐓𝐄𝐄𝐍 𝐎𝐧𝐞-𝐬𝐡𝐨𝐭𝐬 (request only)
FanfictionFor my readers' requests 💌 OTP စုံလင်စွာဖြင့် ပေါ့ပေါ့ပါးပါး ရေးသားသွားမှာ ဖြစ်ပါတယ် 🫶🏻 #svtfanficmyanmar #seventeen