Part 1

2.2K 2 0
                                    

****************
https://darkmidnightdesire.blogspot.com 

မှာ အစအဆုံးတင်ထားပြီးပါပြီ။
နောက်ပိုင်း ဇာတ်လမ်းအသစ်တွေကို blogမှာ အရင်တင်ပါမယ်။
***************


( ၁ )


သွေ့ သည် ကိုယ်မသိတဲ့လူရဲ့ မွေးနေ့ပါတီပွဲကို သွားလေ့ မရှိပါဘူး ။
စက်ဝန်း ခေါ်လွန်းလို့ ( မိုးကျော်မောင် ) ရဲ့ မွေးနေ့ပါတီပွဲကို စက်ဝန်းနဲ့အတူ သွားဖို့ ဖြစ်လာသည် ။

စက်ဝန်းသည် သွေ့ရဲ့ အချစ်ဆုံး သူငယ်ချင်း ။
မိုးကျော်မောင်က စက်ဝန်းကို ဆက်ဆက်လာဖို့ ဖိတ်သည် ။
( ငါ့ကို ဖိတ်မှ မဖိတ်တာ..စက်ဝန်းရယ်...ငါ မလိုက်ချင်ပါဘူး........) လို့ သွေ့က ပြောပေမယ့် စက်ဝန်းက ( ငါ တယောက်ထဲ
ဖြစ်နေလို့ နင့်ကို အဖေါ်ခေါ်တာပါ သွေ့ရယ်....လိုက်ခဲ့ပါ......) လို့ အထပ်ထပ် ခေါ်လို့ ( မိုးကျော်မောင် ) ရဲ့ မွေးနေ့ပါတီကို
သွေ့လို်က်သွားဖို့ လုပ်နေရတာ ။

သွေ့မှာ သူဌေးတွေရဲ့ ပါတီပွဲကို သွားဖို့ အဝတ်အစား ကောင်းကောင်းတောင် မရှိပါဘူး ။
သွေ့သည် မိဘမဲ့ တကောင်ကြွက် တယောက်ပါ ။
မိဘတွေ ကွယ်လွန်သွားတော့ အမေ့ဖက်က အဒေါ်က သွေ့ကို သူနဲ့ ခေါ်ထားသည် ။ မွေးစားတာမျိုး မဟုတ်ပါဘူး ။
နေစရာမဲ့နေတဲ့ သွေ့ကို ကူညီစောင့်ရှောက်တဲ့ သဘောပါ ။

အဒေါ့်နံမည်က ဒေါ်ခင်မေရှိန် ။ အဒေါ့်ယောက်ျား နံမည်က ဦးရန်ကင်း ။
အဒေါ်ရော သူ့ယောက်ျားရော အစိုးရဌာနတွေမှာ အရာရှိတွေ ဖြစ်ကြသည် ။ မြို့လည်က လမ်းတလမ်းထဲက တိုက်ခန်းမှာ နေကြတဲ့
လူတွေပါ ။
သွေ့သည် သူတို့နဲ့ မတတ်သာလို့ နေနေရတာပါ ။ သူတို့နဲ့ မနေချင်ဘူး ။ သူတို့နဲ့ နေရတာ သွေ့အတွက် အဆင်မပြေဘူး ။

စက်ဝန်းတို့က ဗဟန်းမှာ နေသည် ။
သွေ့အတွက် ပါတီသွားဖို့ အဝတ်အစားတွေကို စက်ဝန်းက ငှားသည် ။ စက်ဝန်းရဲ့ မိဘတွေက သူဌေးတွေ မဟုတ်ပေမယ့်
စားနိုင်သောက်နိုင် အဆင့် ရှိတဲ့ လုပ်ငန်းရှင်တွေပါ ။

မိုးကျော်မောင်ကို ကျောင်းထဲမှာ တွေ့ဖူးသည် ။
အရမ်းကို ချမ်းသာတဲ့ သူဌေးသား တယောက် ဆိုတာ သွေ့ သိသည် ။ သူများတွေ ပြောတာတွေကို ကြားဖူးသည် ။

သိုးအရေခြုံထားတဲ့ ဝံပုလွေWhere stories live. Discover now