part - 2

7 1 0
                                    

ဒီနေ့တော့ စာမေးပွဲဖြေသည့် နောက်ဆုံးနေ့။
jiminလွယ်အိတ်ထဲတွင် teahyungကိုပေးဖတ်မည့် ကဗျာတစ်ပုဒ်က အရံသင့်ရှိလို့နေသည်။

စာမေးပွဲဖြေပြီးသည်နှင့် သူငယ်ချင်းအားလုံးနောက်ဆုံးအထိန်းအမှတ်အနေနဲ့ တစ်ယောက်နှင့်တစ်ယောက်ရေလိုက်ပက်ကြသည်။

" ရေးးးးဒီနေ့နောက်ဆုံးနေကွ ပက်ကြဟေ့!!
ရားးးjiminကဒီမှာကွ "

Jin အော်လိုက်သည်နှင့် ရေသန့်ဘူးကိုယ်စီနှင့် တစ်ဘူးပြီးတစ်ဘူး လာလောင်းကြသည်။

" ဟ နည်းနည်းပဲလောင်းပါ နေပူထဲသွားရဦးမှာ... teahyungကရော ဘယ်မှာလဲ...မလာသေးဘူလား "

" လာမယ်... teahyungလည်း တော်တော်ရွှဲနေပြီ "

hoseokစကားကြောင့်jiminစိတ်ထဲခံပြင်းသွားမိသည်။ကဗျာပေးဖတ်မို့ စိတ်ရောက်နေတာနှင့် ရေလောင်းဖို့တောင် သတိမရလိုက်။ထိုအချိန်မှ လွယ်အိတ်ကို အထိန့်တလန့် ထစမ်းလိုက်မိသည်။ရွဲနစ်နေသော လွယ်အိတ်လေးထဲမှ ရေစိုနေသော ကဗျာစာရွက်လေးကို ထုတ်ကြည့်ပြီး စိတ်ထဲအကြီးအကျယ်ညစ်သွားမိသည်။

" ဟာာာ သွားပါပြီကွာ...ငါ့ကဗျာ "

" ပြစမ်...ရည်းစားစာရေးထားတာလား..ဘာတွေရေးထားတာလဲ "

Jin ပြောပြောဆိုဆိုနှင့် သူ့စာရွက်ကိုဆွဲလုသည်။ကဗျာစာရွက်က jinလက်ထဲထက်ပိုင်းဖြတ်ကာ ပါသွားပြီးမှင်စိုနှင့် ရေးသားထားသောကြောင့် ဘာကိုမှအဖတ်ဆည်လို့ကို မရတော။

" ဟာာာ...hyung!!! သွားပါပြီကွာ ဘယ်လိုလုပ်လိုက်တာလဲ!! "

" ဆော်ရီးကွာ ငါဖတ်ချင်စောနဲ့ ဆွဲလိုက်တာ "

" ကျစ်***hyungကလဲဗျာ "

" မင်းရေးထားတာ မဟုတ်လား... ပြန်ရေးလို့ရပါတယ်ကွာ..."

သူငယ်ချင်း အချင်းချင်းမို့ မပြောသာတော့လည်း ငြိမ်နေလိုက်ရသည်။ jinပြောသလိုပြန်ရေးလို့ရသည်က မှန်သည်။ အခုချိန်ဘာနဲ့သွားရရမလဲ။ပါးစပ်ကရွတ်ပြရင်လည်း teahyungကအဲလောက်စိတ်ဝင်စားမည် မဟုတ်။

တောက်စ်!!!...လူကသတ္တိမရှိလို့ ကဗျာအားကိုးနဲ့ လာပါတယ်ဆိုမှကွာ...
စိတ်ထဲပဲ ကြိတ်ကာ ပေါက်ကွဲလိုက်ရသည်။ထို့နေ့က jiminကံကောင်းဝာာလား။ ကံဆိုးတာလားမသိ။

You've reached the end of published parts.

⏰ Last updated: Oct 01 ⏰

Add this story to your Library to get notified about new parts!

part - 1Where stories live. Discover now