🐇1 🌊

442 74 28
                                    

ခမ်းနားကြီးကျယ်လှသော အပျော်စီးသင်္ဘောကြီး၏ ပင်လယ်လေတိုက်ရိုက်ထိတွေ့နိုင်သော အပြင်ဘက်တစ်နေရာတွင်ဖြစ်သည်။

ပင်လယ်ပြာကိုငေးစိုက်ကြည့်လို့ အပြင်းစားဝိုင်ပုလင်းအားအဆက်မပြတ်မော့သောက်နေသောကောင်လေးနှင့် ထိုကောင်လေးအား အပျောက်မခံနိုင်သည့်နှယ် တစိမ့်စိမ့်ထိုင်ကြည့်နေသောကောင်လေးသည် တစ်ယောက်နှင့်တစ်ယောက် ဘာစကားမှမဆိုပါဘဲ ငြိမ်သက်တိတ်ဆိတ်လျက်ဖြင့်သာရှိနေကြလေသည်။ သို့ပေမဲ့ ထိုတိတ်ဆိတ်မှုဟာ ကြာကြာမခံလိုက်ပါချေ။

"" တော်လိုက်တော့ဂင်ဂယူဗင်း ""

လေသံခပ်မာမာဖြင့်ထပြောလိုက်သောဂျီအုံး။ နာမည်အပြည့်အစုံမှာမူ ဂင်ဂျီအုံးဖြစ်ပြီး ဝိုင်ကိုပုလင်းလိုက်မော့နေသော ဂင်ဂယူဗင်းဆိုသည့်ကောင်လေးနှင့်ညီအစ်ကိုတော်လေသည်။ တစိမ့်စိမ့်ထိုင်ကြည့်နေရသည်မှာလည်း ညီ‌လေးကို ချစ်လွန်းလို့တော့မဟုတ်။ ရေမြင်လျှင်ခုန်ဆင်းချင်လာတတ်သော ဂယူဗင်း၏ ရူးကြောင်ကြောင်အကျင့်စရိုက်ကြောင့် မျက်စိဒေါက်ထောက်၍ထိုင်ကြည့်နေရခြင်းသာ။ အပျော်စီးသင်္ဘောနှင့်ပတ်သက်၍လည်း နားမလည်နိုင်စရာအဖြစ်အပျက်တစ်ခုက ရှိခဲ့ဖူးသေးသည်။ ဘာအဖြစ်အပျက်လဲဆိုပါလျှင် ဆယ်နှစ်သားအရွယ်ဂင်ဂယူဗင်းဟာ ရေလည်းမကူးတတ်ပါဘဲ ဒီလိုအပျော်စီးသင်္ဘောကြီးပေါ်ကနေ ခုန်ချခဲ့ဖူးပါသတဲ့။

"" ‌ရားး ငါမင်းကိုတော်တော့လို့ပြောနေတယ်လေ ""

ဂျီအုံးဒီလောက်ပြောနေတာတောင် ဂယူဗင်းကတော့ကြားပုံမရဘဲ ဝိုင်ပုလင်းကိုသာဆက်မော့နေလေသည်။ ထို့ကြောင့် ဂျီအုံးလုပ်နိုင်သည်မှာ ထိုတစ်နည်းသာရှိတော့၏။

"" ပေးစမ်း အဲ့ဝိုင်ပုလင်း ""

အားသုံးကာဖျတ်ခနဲဆွဲလုပစ်လိုက်တော့ ငမူးလေးဂယူဗင်းခမျာအငိုက်မိသွားရှာသည်။

"" အာ ဟျောင်း!!သူများတကာသောက်နေတာကိုဘာလို့ဆွဲလုသွားတာလဲ ယဉ်ကျေးမှုမရှိလိုက်တာ!! ""

"" ဘာ? ယဉ်ကျေးမှုမရှိဘူးဟုတ်လား? အဲ့ဒါအစ်ကိုကိုပြောရမယ့်စကားလား ""

You've reached the end of published parts.

⏰ Last updated: Sep 01 ⏰

Add this story to your Library to get notified about new parts!

Tokki From the Sea Where stories live. Discover now