J & J

268 25 0
                                    





အချိန်ကာလအားဖြင့် ၂၀၁၂ ခုနှစ်။ သူ့အသက်ကတော့ ၂၀။ အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်တက်ခါနီးအချိန်မှာ သူ့အဒေါ်နေတဲ့မြို့လေးမှာခဏလာနေဖြစ်သည်။ လူနေစိပ်တာမို့ ဘေးချင်းကပ်လုံးချင်းအိမ်လေးတွေဟာခပ်စိပ်စိပ်လေးတွေပဲ။

အိမ်နေထွက်လိုက်တာနဲ့လမ်းကိုတန်းရောက်တယ်။ လမ်းဆိုပေမဲ့ကားအသွားအလာနည်းသည်။ ရပ်ကွက်ထဲက ကားလေးတွေလောက်ပဲမနက်ပိုင်းရုံးတက်ချိန်နဲ့၊ ရုံးဆင်းချိန်မှာတွေ့ရတတ်သည်။

ကျန်တဲ့အချိန်မှာတော့ လူရှင်းပြီးတိတ်ဆိတ်သည်။ အေးဆေးသည့်လူများသာနေထိုင်တဲ့စိတ်ငြိမ်ရပ်ကွက်လေးနှစ်ခုရဲ့အလယ်မှာ မြို့ကိုဖြတ်ပြီးစီးဆင်းနေတဲ့မြစ်ငယ်လေးတစ်ခုရှိလေသည်။

မြစ်ကိုဖြတ်ဆောက်ထားတဲ့ ခပ်ကုန်းဂုန်းတံတားလေးကနေဖြတ်လိုက်ရင် တစ်ဖက်ရပ်ကွက်ကိုရောက်သည်။ဟိုဘက်ခြမ်းနဲ့ဒီဘက်ခြမ်းက စကားလှမ်းပြောရင်ကြားရလောက်သည်အထိနီးသည်။

သူ့လိုအနေအေးတဲ့လူအတွက်တော့ အရမ်းလူနေထူထပ်တဲ့ မြို့ပြကြီးထက်ခေတ်လဲမီပြီး အေးချမ်းတဲ့မြို့ငယ်လေးကိုပိုသဘောကျသည်။

ဒါ့ကြောင့်လဲဒီနေရာလေးမှာလာနေတာဖြစ်သည်။ အရင်က သူနာပြုဖြစ်ခဲ့တဲ့သူ့အဒေါ်ကအခုဆိုရင်အလုပ်ထွက်ပြီး လေဖြတ်ထားတဲ့ဒီမြို့ရဲ့မျက်နှာဖုံးအမျိုးသမီးကိုစောင့်ရှောက်ပေးတဲ့အလုပ်လုပ်တာကြောင့် မနက်ဆိုရင် ၈နာရီကတည်းက ထွက်သွားတက်ပြီးညဆိုရင် ၈နာရီလောက်မှပြန်လာသည်။

အရင်ကခင်မင်ရင်းနှီးခဲ့ပြီးမိသားစုသဖွယ်ဖြစ်နေတာကြောင့် သူ့အဒေါ်အနေနဲ့ပင်ပန်းတာမျိုးမရှိဘဲအဲ့အိမ်မှာသွားနေရတာကိုကသူအနေနဲ့စိတ်ငြိမ်းချမ်းမူ့ကိုရနေသည်။

သူမသည်ယောကျာ်းဆုံးပြီး သမီးတစ်ယောက်ကျန်ခဲ့သည်။ သမီးကလဲတခြားမြို့မှာအိမ်ထောင်ကျနေတာမို့ အသက် ၄၀ ကျော်အရွယ်သူမဟာ သူမစိတ်တိုင်းကျဘဝကိုနေလေသည်။

ဂျောင်ကုအနေနဲ့လဲ သူ့အဒေါ်ဆီကိုငယ်ငယ်ကတည်းကနှစ်နှစ်တစ်ခါ၊ သုံးနှစ်တစ်ခါဆိုသလိုလာဖြစ်သည်။ သူဒီကိုရောက်တိုင်း သူလုပ်လေ့ရှိတဲ့အရာတွေက မြစ်ငယ်လေးကနေမြစ်ကြီးထဲကိုစီးဝင်သွားတာကိုမြင်ရတဲ့တောင်ကုန်းမြင့်မြင့်လေးပေါ်တက်ပြီးကြည့်ရတာရယ်၊ ဒီမြို့ရဲ့လှပတဲ့နေရာကိုတွေကိုသွားပြီးသူ့ရဲ့မကြီးမသေးပန်းချီစာအုပ်လေးထဲမှာပုံလေးတွေဆွဲရတာရယ်၊ ညခင်းဘက်မှာတစ်ဖက်ရပ်ကွက်မှာရှိတဲ့ Jacket ဆိုတဲ့မုန့်ဆိုင်က နွားနို့ပူပူတစ်ခွက်ကိုသောက်ရင်းလှည့်လည်ဖျော်ဖြေသူတွေရဲ့သီချင်းလေးတွေကိုနားထောင်ရတာရယ်၊ နေ့လည်စာကို Red ဆိုသည့်စားသောက်ဆိုင်က Prawn Spaghetti ကိုစားရတာတို့ပါပဲ။

Jam & Juice (Completed)Where stories live. Discover now