Raw : 网恋翻车指南
စာရေးသူ : 酱子贝 (ကျန့်ကျစ်ပေ့)ဇာတ်လမ်းအကျဉ်း >>
ကျင်းဟွမ် ငယ်စဉ်ကတည်းက အရင်းနှီးဆုံးဖြစ်ခဲ့သည့် ဝမ်းကွဲက တစ်ခုသောနာမည်ကြီးအွန်လိုင်းဂိမ်းထဲ၌ 'နောက်လူ'အဖြစ် ကင်ပွန်းတပ်ခံနေရပေသည်။ အချိန်ရော လူပါ အစွမ်းကုန် ပေးအပ်မြှုပ်နှံခဲ့ပြီးတော့မှ သိလိုက်ရသည်က တစ်ဖက်လူက ချစ်သူရှိပြီးသား ငပွေကောင်တဲ့။
ဂိမ်းထဲမှလူတွေ၏ အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ရက်ပေါင်းများစွာ ခံရပြီးနောက် သူ့ဝမ်းကွဲက ဝမ်းနည်းပက်လက် ဒေါသထွက်လျက် နိုင်ငံခြားသို့ ထွက်သွားလေသည်။
ကျင်းဟွမ်လည်း ထိုင်ကြည့်မနေနိုင်တော့ပေ။ ထိုငပွေကောင် သုံးခဲ့သည့်နည်းလမ်းအတိုင်း သူ့ဝမ်းကွဲအတွက် လက်စားပြန်ချေရန် ဆုံးဖြတ်ချက်ချလိုက်၏။ ဂိမ်းထဲတွင် ကာရိုက်တာတစ်ခုကိုဝယ်ပြီး လိုင်းပေါ်ကနေ ထိုကောင်ကို အကြိမ်ပေါင်းများစွာ သတ်ရန်ပင်။
ဒီဂိမ်းပေါ်ကာစက နတ်ဘုရားလို သူ့စကေးနဲ့ဆိုရင် ဟိုကောင့်ကို မိနစ်ပိုင်းအတွင်း လိုက်သတ်ပြီး ဆာဗာထဲက ထွက်ခိုင်းလို့ရလောက်တယ်မလား?!
တိုက်ခိုက်လိုစိတ် ပြင်းထန်စွာ ကျင်းဟွမ်တစ်ယောက် လိုင်းတက်လိုက်၏။ သို့သော် တစ်ချီ စုံစမ်းစစ်ဆေးပြီးနောက် ရှာဖွေသိရှိလိုက်ရသည်ကား - သကောင့်သားက ဆာဗာတွင်း နံပါတ်တစ်DPS ၊ အတော်ဆုံးအဆင့်ပြစာရင်း၌ နံပါတ်တစ် ၊ ချမ်းသာမှုပြစာရင်း၌ နံပါတ်တစ် ၊ နာမည်ကြီးမှုစာရင်း၌ နံပါတ်တစ် ၊ ကျော်ကြားမှုစာရင်းမှာလည်း နံပါတ်တစ်တဲ့။
သုံးသပ်ချက် : ဒီကောင့်ကို သွားရှုပ်လို့တော့မရဘူး
ကျင်းဟွမ် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူ လက်လျှော့တော့မည့်အချိန် သူ့အခန်းဖော်၏ အွန်လိုင်းအချစ်က အပြင်မှာ တွေ့ပြီးပြီးမှာပဲ အဆုံးသတ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေသည်။ တစ်ဖက်လူက ဓါတ်ပုံအတုတွေပို့ ၊ အသံကိုပါပြောင်းပြီး ပိုက်ဆံတွေပင် လိမ်ရာ သူ့အခန်းဖော်မှာ ဆေးရုံပင်တင်ရလုနီးပါး ခံစားလိုက်ရရှာသည်။
ကျင်းဟွမ် ရုတ်တရက် ချက်ခနဲ အကြံပေါ်သွားလျက် အလင်းပွင့်သွား၏။ သူ့အခန်းဖော်အား နှစ်သိမ့်ပေးပြီးနောက် ညတွင်းချင်း အသံပြောင်းစက်အား ငှားထားသည့် သူ့အိမ်သို့ ပြန်ယူချသွားလေသည်။
•••
T/N :
ဒါလေးက သန်းမေ့ပရိသတ်တိုင်းလိုလို သိကြမယ်ထင်ပါတယ်။ မြန်မာဘာသာပြန် အဆုံးထိ ရှိစေချင်တာမို့ ရှန်းလည်း Pickလိုက်ပါတယ်။ ဖတ်ပြီးသူများရှိလည်း အစကနေ ပြန်လည်စီးမျောပေးကြပါဦးနော်။ ကျန့်ကျစ်ပေ့လောင်ရှစ် ဖော်ပြထားတာကို ကိုယ်စွမ်းရှိသလောက် မကွဲလွဲအောင် ကြိုးစားပေးပါ့မယ်။ အပိုင်း(၁၀၀)ကျော်ပတ်ချာလည်လေးပါပဲ ၂၀၂၅မရောက်ခင်မှာ ပြီးသွားရင် ကောင်းမှာပဲ 🤧 Update schedule ကတော့ တစ်ပတ်သုံးပိုင်း Mon , Wed , Sat ပါ 🤍