မြို့တော်တက္ကသိုလ်၏ ကွန်ပျူတာ သိပ္ပံဌာနမှာ ဉာဏ်ကြီးရှင်လို့ ကျော်ကြားတဲ့ ရွှီရှင်းဟယ် ဟာ ဘွဲ့ရပြီး နောက်နှစ်မှာတင် ဗိုလ်ချုပ်ကြီး မုချင်းယွင် နဲ့ လက်ထပ် မှတ်ပုံတင်ဖို့ အတွက် ခြယ်လှယ်သူ AI ရဲ့ ယှဉ်တွဲပေးခြင်း ခံခဲ့ရသည်။
လက်ထပ်ခြင်း ဥပဒေ အကျုံး၀င်တဲ့ ကာကွယ်ထိန်းသိမ်းမှု တစ်နှစ် ပြီးဆုံးသွားပြီး နောက်တစ်နေ့မှာတင် မုချင်းယွင် က ကွာရှင်းပြတ်ဆဲကြောင်း ကြေညာခဲ့သည်။
သူတို့ရဲ့ ကွာရှင်းပြတ်ဆဲတဲ့ အကြောင်းကို ရွှီရှင်းဟယ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကနေ တစ်ဆင့် ကြားသိခဲ့ရတာ ဖြစ်သည်။ သူက အေးစက်သည့် မျက်နှာထားနှင့် အလုပ်ချိန် အတွင်း ဖုန်းခေါ်လာတဲ့ မုချင်ယွင်ရဲ့ ဖုန်း ကို ချပစ်လိုက်သည်။ အလုပ်တွေ အကုန် ပြီးသွားတဲ့ အချိန်ကျမှ သူ့ရဲ့ ခင်ပွန်းဟောင်း ကို မက်ဆေ့ခ်ျ ပို့လိုက်သည်။
" ကွာရှင်းစာချုပ် ပို့ပေးလိုက်ပါ... ကျွန်တော်လက်မှတ် ထိုးလိုက်မယ် "
ညတွင်းချင်း သတင်းမီဒီယာတွေမှာ သူတို့ရဲ့ ကွာရှင်းပြတ်ဆဲခြင်း အကြောင်းတွေနဲ့ပဲ လွှမ်းမိုးသွားခဲ့သည်။ ဒါပေမယ့် သူတို့ မထင်ထားခဲ့သည်မှာ နောက်ရက်ပိုင်း အနည်းငယ် ကြာပြီးနောက် ရွှီရှင်းဟယ်၏ နာမည်က ခြယ်လှယ်သူAI ရဲ့ လက်ထပ်ဖို့ ယှဉ်တွဲပေးခံရတဲ့ စာရင်းထဲတွင် နောက်တစ်ကြိမ် ထပ်ပြီး ပါ၀င်လာခဲ့သည်။
ဒီတစ်ခါမှာတော့ သူက စစ်တပ်ရဲ့ အာဏာ ကို ထိပ်ဆုံးကနေ ချုပ်ကိုင်ထားတဲ့ ထိပ်တန်းအရာရှိ၊ စစ်ပွဲတွေရဲ့ အနက်ရောင် စစ်နတ်ဘုရားလို့ အမည်တွင်တဲ့ မာရှယ်လ် လင်ချောင်ဖုန်း နှင့် တွဲဖက်ပေးခြင်း ခံခဲ့ရသည်။
ရွှီရှင်းဟယ် ဒီတစ်ကြိမ်မှာတော့ ကွာရှင်းစာချုပ်ကို အထူးအနေနဲ့ ကြိုတင် ပြင်ဆင်ထားခဲ့သည်။လက်ထပ်ပြီးပြီးချင်း သူ လက်မှတ် ကြိုထိုးထားတဲ့ ကွာရှင်းစာချုပ် ကို ယူပြီး ထိပ်တန်းအရာရှိ မာရှယ်လ်ရဲ့ စံအိမ်ကြီး ကို ဝင်လာခဲ့သည်။
" ခင်ဗျား ကွာရှင်းချင်တဲ့နေ့ ရောက်လာခဲ့ရင် လက်မှတ် ထိုးလိုက်ရုံပဲ "
YOU ARE READING
ကွာရှင်းပြီးနောက် မာရှယ်လ် နဲ့ လက်ထပ်လိုက်ရတယ်
RomanceABO Type. Credit to Author & English Translator