[A/N:Laptop errorတက်ပြီး fileပြင်မရလို့ ဒီextraလေးကို wpမှာပဲ အရင်တင်ထားပေးပါ့မယ်။ကျန်တဲ့extraတွေ ဆက်ရေးပြီးရင်တော့ Telegram channelမှာ fileတင်ပေးပါ့မယ်ရှင်]
"ဝိုင်းရေ...ဝိုင်း"
"ဗျာ....ကိုကို ဝိုင်း ဒီမှာ စံပယ်ပန်းခူးနေတာ၊
ကိုကို နိုးရင်ထတော့နော်၊ မနက်စာအဆင်သင့်ဖြစ်နေပြီ"ကိုကို့ခေါ်သံကြားတာမို့ အိမ်ခေါင်းရင်းက စံပယ်ရုံမှာ ပန်းခူးနေရင်း အသံပေးရ၏။
မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဝိုင်း'နာမည်ကို ပထမဆုံးခေါ်တတ်သည်မှာ အိမ်ထောင်ဦးအစကတည်းကနေ ၄နှစ်ကျော်ကာလရောက်တဲ့အထိ မပြောင်းလဲတဲ့ ကိုကို့အကျင့်ပါပဲ။"အထဲမှာ အသံမကြားတော့ ဘယ်သွားနေတာလဲလို့"
အိမ်ပြင်ထွက်လာပြီး အုတ်လှေကားအတိုင်းဆင်းလာသည့်ကိုကိုက ဝိုင်းရှိနေသည့် စံပယ်ရုံတွေနားအထိ ရောက်လာပြီး နောက်ကနေသိုင်းဖက်လာလေရဲ့။
ဒီနေ့ကနားရက်မို့ ကိုကိုတစ်ယောက် ဝိုင်းအနားမှာ တောက်တဲ့လိုကပ်နေတော့မှာ အသေအချာပါပဲ။"ဒီမှာလေ စံပယ်ပန်းတွေတအားပွင့်နေတာ၊မနေ့ကလည်း မခူးဖြစ်တော့ ညနေပိုင်းကြွေကျသွားကြတာ"
"အင်း...ပြီးရင် ကိုကို သီပေးမယ်၊ ဘုရားလည်းကပ်၊ဝိုင်းလည်း ပန်ပေါ့"
'ဝုတ် ဝုတ် ဝုတ်'
"ဟော ကိုကို့ဘော်ဒါတွေက ကိုကို့အနံ့ရလို့ထင်တယ်"
"အေးကွာ...ဒီကောင်တွေ တောခွေးတွေလို့မပြောရဘူး၊အနံ့ခံတော့ တကယ်ကောင်းကြတာ
ဟေ့ကောင်တွေ လာမယ် လာမယ်၊မအော်ကြတော့နဲ့"မနေ့ကမှဝယ်လာသည့် ပေါင်မုန့်ချောင်းတွေကို ယူပြီး ကိုကိုက ခွေးစာသွားကျွေးနေတုန်း ဝိုင်းက ပန်းတွေကို ရေဆေးပြီးစစ်ထားလိုက်သည်။
ပြီးတော့ မနက်စာအတွက် ကိုကို့အကြိုက် တို့ဟူးသုပ်ဖို့ပြင်ရသည်။>>>ringing >>>
"ကိုကို ဖုန်းလာနေတယ်""လာပြီ လာပြီ"
ဝိုင်းအသံကြားတော့ ခွေးစာကျွေးပြီး အပေါ်ပြန်တက်မလာဘဲ အပင်တွေရေလောင်းနေသည့်ကိုကိုက အသံပေးရင်း အပေါ်ကိုအပြေးတက်လာသည်။

YOU ARE READING
ဖူးစာရယ်ဆုံ ဤသို့ဤပုံ[ဖူးစာရယ္ဆုံ ဤသို႔ဤပုံ]
RomanceJust a romance marriage stroy [Paid Story]