🧝Chapter 45
မြောင်လီ ရောက်လာသောအခါ သူတို့၏စကားနားမထောင်နိုင်ဖြစ်နေသည်။
ရှက်ရွံ့ပြီး သူ့မိန်းမကို အမြန်ဆွဲခေါ်သွားသည်။
ထိုညက အလုပ်ရုံမှ ထွက်လာသော မြောင်လျန်တစ်ယောက် နေ့ခင်းဘက်တွင် ဖြစ်ပျက်ခဲ့သည်ကို ကြားသိပြီးနောက် စားပွဲကို ရိုက်ချိုးပြီး ကျိန်ဆဲချင်လာသည်။
"ရွှံ့တဲသာသာဟာကို... အမေက ဒီငွေနည်းနည်းလေးကိုတောင် ချွေတာချင်နေတာလား... ခင်ဗျားရဲ့သား ကျုပ်ကအဲဒီပိုက်ဆံကို ချက်ချင်း မရနိုင်ဘူးလား"
ထိုသို့သော သေးငယ်သော အမြတ်အတွက်၊ သူ၏ သိသာထင်ရှားသော အလားအလာများအားလုံး ပျက်စီးသွားခဲ့သည်။ ဒေါသထွက်လွန်းလို့ လက်တွေ ယားလာတယ်...ဒါပေမဲ့ အဲဒါက သူ့ အမေလေ...
သူတို့အိမ်ပြန်ရောက်သောအခါ အဘိုးကြီးက အဒေါ်လီကို ကြိမ်းမောင်းနေပြီဖြစ်သည်။သူမ မထိန်းနိုင်ဘဲ ပေါက်ကွဲနေသည့် သူမ၏သားထံမှ ပြစ်တင် ဆုံးမခြင်းကို လည်း ခံခဲ့ရသည်။
"အမေ ဘယ်လိုများ ဒါလိုဟာတွေ လုပ်ခဲ့တာလေ...ကျုပ်က အမေ့ကို ဒီလောက် မြင့်အောင် ဆွဲခေါ်လာခဲ့တာ
... ဘယ်ဘက်ကနေကြည့်ကြည့် ညာဘက်ကနေကြည့်ကြည့် ကျုပ်က အနေ့ကို ကယ်တင်နေခဲ့တဲ့သူပဲ ...အမေဖန်တီးထားတဲ့ ဒုက္ခတွေကို ကျုပ်ရှင်းနေခဲ့ရတာလေ""ငါကဘာဖြစ်နေလို့လဲ... ဒါတွေအားလုံးက ရန်သာ့လန်ရဲ့ အပြစ်တွေချည်းပဲ... လူကောင်အကြီးကြီးက ဦးနှောက်သေးသေးလေးပဲရှိမယ်ဆိုတာ ဘယ်သူကသိမှာလဲ"
"ကျုပ် ခင်ဗျားကိုမသိခဲ့ဖူးသလိုခံစားရတယ်... ကျုပ်အမေရဲ့အသံနဲ့စကား ပြောတဲ့သူကို တစ်ခါမှမမြင်ဖူးဘူး"
မြောင်လီက ဝင်ဟောက်လိုက်သည်။
"တော်လောက်ပြီ... ဒါကို အပြင်မှာ မပြောနဲ့...သိက္ခာကျရတာမလုံလောက်သေးဘူးလား...ငါတို့က အရင် သူများကိုအကောက်ကြံခဲ့တာလေ... ဘာလို့ သူတို့ကို စိတ်မဆိုးခိုင်းရမှာလဲ...ရန်သာ့လန်က ဒေါသမထွက်ဘဲ အိမ်ကိုပါပေးလိမ့်မယ်လို့ ဘယ်လိုများ တုံးတုံးအအတွေးနိုင်ရတာလဲ""သား မှားခဲ့တဲ့သူက မင်းအဖေပါကွာ...ဟင်း အဲဒီနေရာကို ငါတို့ ဘာလုပ်သင့်လဲ"