3

58 7 1
                                    

အချစ်ဦးဆိုတာ သစ်ရွက်လှုပ်တာနဲ့ရင်ခုန်တတ်တဲ့အရွယ်မှာ တွေ့ခဲ့တဲ့ရေသောက်မြစ်လေးလေ။အချိန်တွေရာသီတွေဘယ်လိုပြောင်းပြောင်း နွေဦးမှာသတိရမိနေတုန်းပဲ။
အချစ်ဦးကိုမေ့ပြီးအချစ်ဆုံးနဲ့ပြုံးပျော်နေကြတဲ့သူတွေရှိသလို အချစ်ဦးကိုမမေ့နိုင်သေးပဲ လွမ်းဆွတ်တမ်းတနေတဲ့သူတွေလည်းရှိတယ်။နွေဦးရဲ့ ပူလောင်လှတဲ့နေရောင်အောက်မှာ အအေးဓာတ်လေးပေးတတ်တဲ့ သက်ရှိလေးလိုပဲ။
အချိန်တစ်ခုထိရှိနေပေးပေမယ့် ဘယ်အရာမှမမြဲတာမို့ အချစ်ဦးဆိုတာလည်း ရင်ထဲက သော့ခတ်သိမ်းထားတဲ့အခန်းရဲ့ တံခါးပေါက်လေးတစ်ခုလိုပဲ။

-

"ဒါဆိုညီမလေး အကိုပြန်တော့မယ်နော်"

သူမက ထို jayလို့အမည်ရတဲ့သူကို ခေါင်းညိတ်ပြလိုက်သည်။

ထိုလူထွက်သွားပြီးတဲ့နောက် သူမက သူမအချစ်ဦးကိုတမ်းတမိသွားလေသည်။

ထိုလူပြောပြခဲ့တဲ့ဆောင်ဟွန်းနဲ့ဟီဆွန်းရဲ့အကြောင်းတွေကို သူမနားထဲအစကနေအဆုံးပြန်ကြားနေရလေသည်။

သူမသိပ်မုန်းသည်က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းများကိုပင်။တစ်ယောက်ကိုရွေးချယ်လို့ရပါရဲ့နဲ့မရွေးနိုင်တဲ့အဓိကမင်းသားကို ပိုတိုးကာမုန်းတတ်သည်။ယခုအချိန်မှာတော့ ထိုသို့မဟုတ် သူမသေချာနားလည်နေခဲ့သည်။ဟီဆွန်းရဲ့ဖိအားတွေကိုသူမနားလည်ခဲ့သည်။ ကတိဆိုတဲ့အရာကြောင့် သူမက၅၂၈မေတ္တာတွေကို၁၅၀၀ဖြင့်အထင်လွဲမှားခဲ့လေသည်။

ကတိလို့ပြောလိုက်တိုင်း မြို့ချားရပ်ချားမှာကျန်နေခဲ့တဲ့ သူမအချစ်ဦးကိုသတိရလေသည်။

-
သတိရမိတဲ့အခါတိုင်း ချစ်တဲ့စိတ်ဟာနယ်ကျွံပြန်တယ်။လက်လွှတ်လိုက်ဖို့ရာလည်း ကိုယ်ဟာ သတ္တိနည်းတဲ့လူဖြစ်ပြန်တယ်။

"ကိုယ့်ကိုရှောင်လိုက်တာနဲ့ ကိုယ်တို့ကမသိကြတဲ့လူတွေလိုဖြစ်သွားဖို့ မျှော်လင့်နေတာလားဆောင်ဟွန်း"

"ခဗျားကားထဲကိုဘယ်လိုဝင်လာတာလဲ ဟီဆွန်း"

ဟုတ်စ ဒီနေ့ အသဲကွဲလို့စိတ်ညစ်နေတာကြောင့် ဂျေးနဲ့အတူအပြင်ထွက်ဖို့စီစဥ်ထားတာဖြစ်လေသည်။2ရက်လောက်ပစ်ထားပြီး ဒီလူကအခုမှဘာဖြစ်ချင်ရတာလဲ။

Wrong Person //HEEHOONWhere stories live. Discover now