''ဒီနေ့ သားတို့သမီးတို့ကို တီချယ် လက်ပွတ်ကဒ်ပေးမယ် ၊ ဒီလမှာ စာမေးပွဲကျတဲ့သူတွေတော့ တစ်ယောက်မှမရှိဘူး နောက်လာမဲ့ စာမေးပွဲတွေမှာလဲ ဒီလိုဘဲ ကြိုးစားရမယ်နော်''''ဟုတ်ကဲ့ တီချယ်''All
''တီချယ် နာမည်ခေါ်တဲ့သူလာယူမယ်နော် ၊ မနက်ဖြန်ကျရင် report card အကုန်ပြန်ယူခဲ့ပေးရမယ်''
''ဟုတ်''All
တီချယ် ကြည်ဝေက တစ်ယောက်ချင်းစီနာမည်ကိုခေါ်ပြီး report card ပေးနေစဥ် တံခါးဘေးမှာ ရပ်နေတဲ့ ယိမ်းကို တွေ့လိုက်တယ် ယိမ်းက လက်ဟန်နဲ့ မောင့်ကို ညနေကျောင်းဆင်းရင် ပိတောက်ပင်အောက်ကိုလာခဲ့တဲ့ မောင်လဲ ယိမ်းကို ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်
''မောင် ၊ နင့်ကို တီချယ် ယိမ်းက ဘာလုပ်ပြနေတာလဲ''
''ဘာမှမလုပ်ပြပါဘူး''
''အဲ့တာဆို နင်ဘာလို့ခေါင်းညိတ်ပြတာလဲ တီချယ် ယိမ်းကို''
''အသဲယားလို့လေ ချစ်ဖို့မကောင်းဘူးလား ယိမ်းက''
''ဟဲ့ တီချယ် ယိမ်းချစ်ဖို့ကောင်းတာငါသိပါတယ်၊ တကတည်း နင့်ကကို အဖြစ်သည်းနေတာ''
''ဘာဖြစ်လဲ ၊ မဝါလင်းမှာတောင် မောင့်ရဲ့ယိမ်းလိုမျိုး ချစ်ဖို့ကောင်းတဲ့ရည်းစားလေးရှိလားပြော''
''မရှိဘူးဟေ မရှိဘူး၊ ဘာဖြစ်လဲ ဘာဖြစ်လဲ''
''မောင်ကစတာပါ ၊ နောက်နေ့ကျရင် မုန့်ဝယ်ကျွေးပါမယ် စိတ်ကောက်မနေပါနဲ့ ချော့မဲ့ရည်းစားလေးလဲရှိတာမဟုတ်ဘဲနဲ့''
''အိမ့်ခြူးမောင်''
''ဝါလင်း ဘာဖြစ်လို့လဲ အော်နေတာလဲ သမီး ၊ အိမ့်ခြူးမောင် ဝါလင်းကို မစနဲ့တော့''
''ဟုတ်ကဲ့ တီချယ်ကြည်ဝေ သမီးတို့တောင်းပန်ပါတယ်''
''အေးအေး ဒါဆို တီချယ် နာမည် ဆက်ခေါ်မယ်နော်''
''ဟုတ်ကဲ့''
''မဝါလင်း''
''လာမခေါ်နဲ့ ''
''မောင်ကစတာပါ ၊နောက်နေ့အချိုရည်ပါဝယ်တိုက်မယ်လေ၊ နော် နော်''
YOU ARE READING
တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်း
Romanceအမျိုးသမီးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က မြတ်နိုးမိတာဟာ အပြစ်လား၊ ဒါဟာ အပြစ်ဆိုရင် မောင်ကြည်ကြည်ဖြူဖြူနဲ့ ခံယူပစ်လိုက်မယ် ယိမ်း။ အတ္တတွေ ၊ မာနတွေ ကြီးတဲ့သူတွေသာ မရှိခဲ့ရင် မောင်တို့ ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီးကို ဖန်တီးနိုင်ခဲ့မှာ။