အပိုင်း 1

14 1 0
                                    

💞 အမုန်းတို့ဖြင့် တန်ဆာဆင်သော အချစ်💞

အပိုင်း - ၁

"အကိုရယ် မာလာ ရင်မောလှပါပြီ အကိုဘယ်တွေများ ရောက်နေလဲဟင် သားလေးကလည်း မျှော်လှပြီ "

အကိုဆိုတာ သူမ၏အမျိုးသားဖြစ်သူ ဦးဘုန်းရှိန်အောင်ဖြစ်သည် သူမ၏အမျိုးသားသည် ကျောက်ကုန်သည်ပေါက်စလေးဖြစ်ကာ အလုပ်ကိုလည်း ဖိဖိစီးစီး အလုပ်လုပ်တတ်သူဖြစ်သောကြောင့် သူမစိတ်ချမ်းသာရသည် ရသမျှ ပိုက်ဆံလည်း သူမကိုအကုန်အပ်ပြီး ဝင်ငွေထွက်ငွေ သေချာစာရင်းမှတ်ကာ အကိုဟာ တိကျသေချာသောသူ ဖြစ်လေသည်

"အကို့နောက်ကို ယုံယုံကြည်ကြည်လိုက်ခဲ့ပြီး
အကို့လို ဘာမှ မဟုတ်တဲ့သူဘေးမှာ
အခုလို ကောင်းတူ ဆိုးတူ
အတူတူ ရှိနေပေးလိူ့ မြတ်ကို
အကို အရမ်းကျေးဇူးတင်ပါတယ်
ချစ်တယ်နော် မြတ်
မြတ်တို့အိမ်ထက် မသာသေးရင်တောင်
မနိမ့်အောင် မြတ်တို့သားအမိကို
အကိုပြည့်စုံအောင်ထားမယ်နော် "

အကိုအမြဲ ပြောနေကျ စကားလေးဖြစ်သည်
အကိုက သူပြောတဲ့အတိုင်း တည်အောင် ပြည့်ပြည့်စုံစံုထားခဲ့ပါတယ် အခုဆို သားလေးတောင် 5နှစ်ပြည့်လို့ မြတ်နဲ့ အကိုနဲ့ အိမ်ထောင်သက်တမ်းလည်း ရှေ့လဆို 7နှစ် ပြည့်တော့မည် ဒါပေမယ့် အိမ်မှာ အကိုတော့မရှိပါ
အခုတစ်ခေါက် က အချီကြီး ရမည်ဟု ကိုမင်းဒင်ကပြောသဖြင့် ဖားကန့်ဘက်သို့
အလုပ်ကိစ္စနဲ့ ရှိသမျှ ပိုက်ဆံအရင်းအနှီးအဖြစ် အကုန်ယူပြီး သူ့လုပ်ဖော်ကိုင်ဘက် ကိုမင်းဒင် ၊ မသင်းမြတို့နှင့်
ခရီးထွက်သွားတာ တစ်လကျော်မျှ ရှိလေပြီ
သွားပြီး တစ်ပတ် ဆယ်ရက်လောက်ထိ အဆက်အသွယ် ရသေးသည်
ခုတော့ ကြက်ပျောက် ငှက်ပျောက်
ဘာသတင်းအစအနမှ မရတော့…..
ရင်တမမနှင့် မျှော်ခဲ့တာ ခုဆို 3လကျော် 4လထဲပင်ဝင်နေပြီ
အကို့ဆီက ဘာအဆက်အသွယ်မျှ မရလာခဲ့
မမကြီးကလည်း ပြောဆိုလှပြီ

“ကဲ မာလာ 3လပြည့်ပြီ ညည်းယောကျ်ားအကြောင်း ဘာမှလည်းမထူးပါ့လား ရိုးရော ရိုးရဲ့လားအေ "

"လာမှာပါမမကြီးရယ်
တစ်ခုခုဖြစ်နေမှာပဲ မာလာစိတ်ပူတာ
အလုပ်ကိစ္စနဲ့သွားတာ မမျှော်ကောင်းဘူးမလား
မမကြီးရယ် "

You've reached the end of published parts.

⏰ Last updated: Sep 06 ⏰

Add this story to your Library to get notified about new parts!

💞 အမုန်းတို့ဖြင့် တန်ဆာဆင်သော အချစ် 💞Where stories live. Discover now