-အတိတ်က ဒီလိုရှိတယ်-
---------------
------------------"မပြေးပါနဲ့.. မပြေးနဲ့! အန္တရယ်များတယ် ခင်များရပ်လိုက်!"
မသဲမကွဲအသွင်သဏ္ဍာန်ပုံရိပ်လေး တစ်ခုနောက်ကို ရိပေါ် အသည်းအသန်ပြေးလိုက်နေတယ် ။ ပုံရိပ်တွေက ဝေဝါးပြီး ရင်တွေ တလှပ်လှပ် တုန်ခါနေသည့်တိုင် အရှေ့က လူတစ်ယောက်ကို ဖမ်းမမိနိုင်ဘူး ။ မလှမ်းမကမ်းမှာ ချောက်နက်ကြီး တစ်ခုရှိတာကို ခံစားမိနေတယ် တောထဲပြေးလွှားနေပြီး ချောက်ကမ်းပါးထိပ်အထိ ဘယ်လိုရောက်လာသလဲ မသိတော့ဘူး။
"ရပ်လိုက်..!!!"
ရိပေါ်စူးစူးနင့်နင့် အော်ဟစ်လိုက်တာ သေချာပါတယ် ဒါပေမယ့် အသံက ထွက်မလာဘူး။ လိုက်ဖမ်းနေရတဲ့ အသွင်ပုံရိပ်လေးက ရိပေါ်မျက်စိရှေ့မှာပဲ ချောက်ထဲ ပြုတ်ကျသွားတဲ့အခါ ရင်ထဲစူးအောင့်တဲ့ ခံစားချက်နဲ့ အတူ အတိုင်းအဆမရှိ မျက်ရည်တွေ ကျဆင်းလာခဲ့တယ်။
"... မဖြစ်ဘူး!!!"
အိပ်ယာပေါ်ကနေ အလန့်တကြားအော်ဟစ်ပြီး နိုးလာရတဲ့ခံစားချက်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲ က အခုထိ ကျင့်သားမရနိုင်သေးဘူး။ ချွေးတွေဆို့နေတဲ့ အဝတ်အစားကို လဲပစ်ပြီးတဲ့အထိ ရိပေါ်ရင်ထဲ စူးနင့်နေအောင် နာကျင်ထားတဲ့ ခံစားချက်ကို မမေ့နိုင်ဘူး ။
ကုတင်ဘေးက ရေကယားထဲက ရေကိုဖန်ခွက်ထဲလောင်းထည့်ပြီး မော့သောက်ပစ်လိုက်သေးတာတောင် ရင်ပူနေတာက မအေးသွားဘူး။ လစဉ် လတိုင်းပဲ လဝတ်ကျော်လာရင် ဒီအိမ်မက်က မက်နေကျ ဖြစ်ပြီး သူကလည်း မျက်နှာတောင်မမှတ်မိတဲ့သူနောက် အသည်းအမဲ လိုက်ဖမ်းနေရပြန်တယ်။
ဘယ်လိုတွေ ဆက်နွယ် နေပြန်တာလဲ..
ကုတင်ပေါ်ပြန်လှဲချလို့ သက်သောင့်သက်သာ ဖြစ်ပြီလို့ခံစားရမှာ မျက်လုံးစုံမှိတ်ပြီး ထပ်အိပ်ဖို့ကြိုးစားရတော့တယ် ။ မနက် ၃:၂၆ဆိုတာက အစောကြီး ရှိသေးတယ် မဟုတ်လား...။
-
_
-
_____________
(Yizhan)
Cox
YOU ARE READING
The White Snake
Fanfictionရှောင်းကျန့်- "ငါ့ဘဝသတ်တမ်းတစ်လျှောက်လုံး မင်းကိုပဲ စောင့်မျှော်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာ ငါမင်းကို ပိုင်ဆိုင်နိုင်မယ်မလား" ဝမ်ရိပေါ်- "အဖြူရောင်မြွေရဲ့ အထီးကျန်မှုတွေကို မြင်တွေ့နေရတယ် သူ့အနားနေပေးမယ့်သူက ငါပဲရှိတာ.." လူအဖြစ်ရနိုင်ဖို့ နှစ်ပေါင်...