Part (2)

55 11 2
                                    

အချိန်များရပ်သွားသည့်အလား တစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်နေကြရင်းမှ လျိုယောက်ဝမ်က စုန့်ယာရွှမ်းမျက်နှာထက်မှသူ့အကြည့်တို့ကို ကြမ်းပြင်ဘက်သို့လွှဲလိုက်ပြီး ဂစ်တာအိတ်ကိုပခုံးထက်တွင်လွယ်လိုက်၍ ထိုင်နေရာမှထရပ်လိုက်သည်။ လောလောလတ်လတ်ရထားသည့် စကိတ်၏ရိုက်ချက်ကြောင့် သူ၏ညာဘက်ခြေထောက်ကချက်ချင်းထောက်ရပ်၍မရသည်ကို မေ့သွားပုံရသည်။

နာကျင်မှုကြောင့်မျက်မှောင်ကြုံ့မိ၍ သူဖင်ထိုင်လျက်ထိုင်ခုံပေါ်သို့ပြန်ကျသွားသည်။ ထိုအဖြစ်ကြောင့် စုန့်ယာရွှမ်းက အလွန်စိတ်ပူ၍ လျိုဝမ်ပခုံးကိုကိုင်၍မေးလိုက်မိသည်။

"ဘာဖြစ်တာလဲ? လျိုဝမ် မင်းခြေထောက်အဆင်ပြေရဲ့လား?"

".................."

လျိုဝမ်ကနှုတ်ဆိတ်နေခဲ့ပြီး သူ့ပခုံးပေါ်ကယာရွှမ်းလက်ကို ဖယ်ထုတ်လိုက်၍ပြန်ထရပ်ကာ ထော့နဲ့ထော့နဲ့ဖြင့် စုန့်ယာရွှမ်းကိုကျောခိုင်း၍ ထွက်လာခဲ့လိုက်တော့သည်။ သူ့အနောက်မှ စုန့်ယာရွှမ်းကခရီးဆောင်အိတ်ဆွဲရင်းလိုက်လာကာလှမ်းအော်လိုက်သည်။

"လျိုဝမ်!!! မင်း ဒါဘာသဘောလဲ!"

စုန့်ယာရွှမ်းအသံကြောင့် သူထော့နဲ့ထော့နဲ့ဖြင့်လျှောက်နေရာမှရပ်တန့်သွားရသည်။

မထင်မှတ်ထားသည့်အချိန်တွင် စုန့်ယာရွှမ်းကို ရုတ်တရက် မြင်လိုက်ရတော့ သူအရမ်းပျော်ရွှင်သွားခဲ့ပြီးတပြိုင်နက်မှာပဲဒေါသစိတ်နှင့်ရှက်စိတ်တို့ကပေါ်လာခဲ့သည်။

သေချာတာတစ်ခုကတော့ သူ့ကိုနှုတ်မဆက်ဘဲထားခဲ့သောကြောင့် ရှောင်စုန့်ကိုအရမ်းစိတ်ဆိုး၍ဒေါသထွက်မိခြင်းသာဖြစ်သည်။ အထက်တန်းနောက်ဆုံးနှစ်တစ်ဝက်တွင် စုန့်ယာရွှမ်းကသူ့ကို နှုတ်ဆက်စကားပင်ပြောမသွားခဲ့ဘဲ ရုတ်တရက်ကြီးအဆက်အသွယ်ဖြတ်ကာ နိုင်ငံခြားသို့ထွက်သွားခဲ့သည်။ ထိုအချိန်က မိခင်ဖြစ်သူ၏စျာပနသို့သွားနေခဲ့ရသောကြောင့် လျိုယောက်ဝမ်ကျောင်းနှစ်ရက်ပျက်ခဲ့မိသည်။ ကျောင်းပျက်မိသည့်နှစ်ရက်အတွင်းမှာပင် စုန့်ယာရွှမ်းကသူ့ကိုထားသွားခဲ့သည်။

ONE AND ONLY Where stories live. Discover now