Description

884 86 2
                                    

ကျွင်းရယ်က သူ့ဇနီးလေးကို မစနောက်ဘဲ မနေနိုင်ဘူးတဲ့။

မူရင်းဝတ္ထု - Jun Ye Can't Help But Tease His Wife

အပိုင်းရေ - ၅၀၀ ကျော်


ဇာတ်ညွှန်း

အင်ပါယာရဲ့ ပထမအဆင့် ဗိုလ်ချုပ်ကြီး ရှန်ချန်းဖုန်းက ဘယ်သူ့ကိုမှ သူ့ခန္ဓာကိုယ်ကို မထိခိုင်းဘူးဆိုတဲ့ တစ်မူထူးခြားတဲ့ ပင်ကိုစရိုက်ရှိတယ် ဆိုတဲ့ ကောလာဟလတွေ ရှိတယ်။

ဒါပေမဲ့ သူက တစ်နေ့မှာ လူတစ်ယောက်နဲ့ ထိတွေ့နိုင်ရုံသာမက အဲဒီလူနဲ့လည်း အိပ်နိုင်ခဲ့တယ်။

...

အင်ပါယာရဲ့ လူသိများတဲ့ ရှောင်မိသားစုရဲ့ မရေမတွက်နိုင်တဲ့ မျိုးဆက်အငယ်လေးတွေက သားတွေပဲ ရှိတယ် ဆိုတဲ့ ကောလဟလလည်း ရှိတယ်။ ဒါပေမဲ့ သူတို့မှာ ရှောင်ကျင်းဆိုတဲ့ သမီးလေး တစ်ယောက် ရှိတယ်။

ဒါပေမဲ့ သူမကတော့ စစ်သားတစ်ယောက် ဖြစ်လာဖို့ ယောက်ျားလေး အဖြစ် နေထိုင်ခဲ့ပါတယ်။

...

ရှန်ချန်းဖုန်းရဲ့ အသားအရည်နဲ့ ထိတွေ့မိသူတိုင်းက သေဆုံးရမယ်။ ဒါက ရှန်မိသားစုရဲ့ ဖော်ပြလို့ မရတဲ့ လျှို့ဝှက်ချက် ဖြစ်တယ်။

ဒါပေမဲ့ ရှောင်ကျင်းကတော့ သတိလက်လွှတ်နဲ့ ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ် နေရာတိုင်းကို ထိတွေ့ခဲ့ပါတော့တယ်။

...

ရှန်မိသားစုတစ်ခုလုံးက ရှန်ချန်းဖုန်းရဲ့ လက်နှစ်ဖက်လုံးက အားကောင်းတဲ့ ဆာလဖျူရစ်အက်စစ် လိုမျိုး စွမ်းအင်ရှိတာကို ကောင်းကောင်း သိကြတယ်။ တစ်ခါလောက် ထိလိုက်မိတာနဲ့ အရိုးတောင် ကျန်မှာ မဟုတ်ဘူး။

ရှောင်ကျင်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲနဲ့ အားလုံးကို ထိတွေ့ခဲ့ပါတယ်။

...

တော်ဝင်ဗိုလ်ချုပ်ကြီးရဲ့ ခန္ဓာကိုယ်က ဆန်းကျယ်တယ် ဆိုတာကို ရှန်မိသားစု တစ်ခုလုံးက သိကြပြီး ဒီဘဝမှာတော့ ဇနီးနဲ့ သားသမီးတွေ မရှိနိုင်တော့ဘူးဆိုတာ သိထားကြတယ်။

ဒါပေမဲ့ တစ်နေ့မှာတော့ ဗိုလ်ချုပ်ကြီးက စစ်သည်တော်တစ်ဦးနဲ့ လက်ထပ်တော့မယ်လို့ ရုတ်တရက် အသိပေးလာခဲ့တယ်။

ဆိုရလျှင်...

ရှောင်ကျင်းက သူ့ကိုယ်သူ အမျိုးသားအဖြစ် ဖုံးကွယ်ထားဖို့ စစ်သားဖြစ်လာရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ မထင်မှတ်ထားတဲ့ ကိစ္စရပ်တွေကြောင့် သူမက အင်ပါယာရဲ့ ဂုဏ်သရေရှိ ဗိုလ်ချုပ်ကြီးနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိမိခဲ့တယ်။ ဒါပေမဲ့ ဒီစစ်သည်တော်ဆရာသခင်မှာ ထိမိတဲ့အရာတိုင်း ပြာဖြစ်သွားမယ် ဆိုတဲ့ လျှို့ဝှက်ချက်ကိုတော့ ဘယ်သူမှ မသိခဲ့ဘဲ အံ့ဩဖို့ကောင်းတာက ရှောင်ကျင်းကတော့ ခြွင်းချက် ဖြစ်နေခဲ့တယ်။

ရှန်ချန်းဖုန်းက သူမကို မျက်စိတောက်ထောက် စောင့်ကြည့်နေချိန်မှာ ကျွန်တော်တို့ရဲ့ အလုပ်ကြိုးစားလှတဲ့ ရှောင်ကျင်းက သူမရဲ့ လျှို့ဝှက်ချက်လေးကို ဖုံးဖိထားနိုင်မှာလား။ ဒါ့အပြင် သာမန်စစ်သည်တော်တစ်ဦးက သူ့ရဲ့ သဘာဝလွန်စွမ်းအင်ကြောင့် ထိခိုက်မှု မရှိတဲ့အခါ ဗိုလ်ချုပ်ကြီးကရော ဘယ်လို တုံ့ပြန်မှာလဲ။ 

ကျွင်းရယ်က သူ့ဇနီးလေးကို မစနောက်ဘဲ မနေနိုင်ဘူးWhere stories live. Discover now