နွေဦးမှာကျတဲ့နှင်းမြူ

21 1 0
                                    

၂၀၂၄ခုနှစ် စက်တင်ဘာလ တောင်ပေါ်မြေရဲ့ညနေခင်းလေးသည်နွေ၊မိုး‌၊ဆောင်ဟူ၍မခွဲဘဲညနေခင်းနေဝင်ရီအချိန်သို့ရောက်သည့်တိုင်လေစိမ်းခပ်အေးအေးလေးများတိုက်ခတ်တက်လေ့ရှိသည်။ကျေးငှက်တို့ဟာ အိပ်တန်းတက်ဖို့ အိမ်သို့ပြန်ရှာ‌ရော့မည်။ ပုစွန်ဆီရောင်နေမင်းကြီးဟာလည်း တစ်နေကုန်လုံးလောကကြီးကို အလင်းပေးပြီး၍ လက်ပြနှုတ်ဆက်ကာအနောက်ဖက် ဂေါယာကျွန်းဆီသို့ခရီးနှင်လေပြီ။ ယခုလိုညနေခင်းပိုင်းတွင်ပင် တောင်ကြီးမြို့လေး၏ တောင်ပေါ်ကုန်းလေးဆီမှ တစ်မြို့လုံးကိုဖြန့်ကျက်ကာကြည့်မိလျှင် လုပ်ငန်းခွင်မှအိမ်ပြန်သူများ ရှမ်းမြောက်ကိုမှပင်အားမနာ။စခလက်အောက်ခံလုပ်ငန်းခွင်ကပြန်လာသူတွေကတစ်စု Club bar သွားရန်ပြင်ဆင်သူများကတစ်စု ဖြတ်လမ်းလိုက်ကာ ကြီးပွားနေသူများကတစ်စုအစားစားတွေကြရလိမ့်မည်။ထိုသို့ရောင်စုံလူအမျိုးမျိုးများသည် သာမန်ကြည့်လိုက်ပါက မြို့ပြ၏အသက်လို့ပင် လက်ခံထားဖြစ်ကြပေလိမ့်မည် သို့သော် ထိုလူအများကြား၌ ထောင့်ကျကျကော်ဖီဆိုင်တစ်ဆိုင်၏ ထောင့်ကျကျခုံပေါ်တွင် လက်တစ်ဖက်ကိုမေးထောက်ရင်း ပြတင်းတစ်ဖက်မှ လမ်းမကြီးပေါ်ကို ငေးနေသော အရာတစ်ခု။ စင်စစ် ကောင်မလေးတစ်ယောက် သူမအဘယ်ကိုငေးနေ တွေးနေသနည်း?သေချာသည်ကတော့ သူမသည်နေ့စဉ်မပြတ်ညနေခင်းတိုင်း ထိုဆိုင်မှ ထိုနေရာသို့လာထိုင်ကာ ငေးနေတက်သည်။ ထပ်ပြီးသေချာသည်ကတော့ သူမ၏မျက်ဝန်းများမှာ ရီဝေပြီး ဆွေနေသယောင်ပင်။ သူမ၏ အတွေးများ ခရီးကုန်ထိရောက်နေပြီလော...။သူမကား နန်းကိန္နရီနွယ်ပင်။ယင်းနန်းကိန္နရီနွယ်ဟူသောမိန်းမလှလေး၏ အတွေးထဲကို ဝင်ရောက်ကြည့်မည်ဆိုသော်ကား"မမနှင်းမြူ... တစ်နှစ်ပြီးတစ်နှစ် နဲ့ ပြောင်းလဲသွားပြီမနက်ဖြန်ဆိုမမနှင်းမြူ နွယ့်အနားမှာမရှိတော့တာ နှစ်နှစ်ပြည့်တဲ့နေ့ ။ နွယ်တို့အတူလမ်းခင်းခဲ့တဲ့နွေဦးတော်လှန်ရေးကြီးဟာလည်း နှစ်နှစ်နဲ့ သုံးပါတ်တင်းတင်းပြည့်တဲ့နေ့။ အဖြစ်ပျက်တွေက နွယ့်ရင်ထဲကို အခုထိ ဆူးနဲ့တဆစ်ဆစ်ထိုးနှက်နေသလို ပါလား မမနှင်းမြူ"

Return to>>>>>
2021 Feb1 ( 9:45 a.m)

"You got the best of meSo, please, just don't leave me" ဖုန်းဆီမှ BTS၏ Best of me သီချင်းringtone ထွက်လာသဖြင့်အိပ်ရာပေါ်တွင် ဖုန်းလိုင်း၊အင်တာနက်လိုင်းဘာမှမရလို့စိတ်ပျက်လက်ပျက် လှဲနေတဲ့ နွယ်တစ်ယောက် အလောတကြီးထကိုင်လိုက်သည်။ ခေါ်လာသည့်သူအမည်ကိုကြည့်၍ နွယ့်နှုတ်ခမ်းထောင့်ဆီမှ ခပ်ရေးရေးလေးပြုံးယောင်သမ်းသွားသလို
"ဟယ်လိုမမနှင်းမြူ"
"အင်းနွယ်လေး မမဖုန်းလိုင်းတက်တက်ချင်း နွယ်လေးဆီဖုန်းဆက်လိုက်တာ သတင်းတွေအရနွယ်လေးသိပြီးလောက်ပြီထင်ရဲ့။"
"ဟုတ်မမ နွယ်လေစိတ်တိုလိုက်တာစိတ်ထဲမခံချိမခံသာဘဲ...မမနှင်းမြူအဲ့ဆိုနွယ်တို့တွေ ဘယ်လိုဆက်ဖြစ်မှာလဲဟင်"
နွယ်သည်အလယ်တန်းနောက်ဆုံးနှစ်(G9)အောင်ထားပြီးသူသာဖြစ်၍ထိုအချိန်ကဤသို့အချင်းအရာတွေကိုအလေးနက်မသိသေးသည်မှာဧကန်ပင်ဖြစ်သည်ထို့ကြောင့်အရင်းနှီးဆုံး(နွယ့်စိတ်မှသတ်မှတ်ထားသူ) မမနှင်းမြူအား အရိုးသားဆုံးမေးလိုက်ခြင်းပင်ဖြစ်သည်။မမနှင်းမြူကား ဆေးကျောင်းဒုတိယနှစ်ကျောင်းသူထက်မြက်ကာ‌‌ေတာ်ပြီးနွယ့်အပေါ်‌အဖွားပြီးလှျင်လွှမ်းမိုးနိုင်သော သူတစ်ယောက်။
"အင်းနွယ်လေးအဲ့ဒါမမနှင်းတို့ သပိတ်မှောက်ကြမလို့"
"...သပိတ်မှောက်ကြမယ်..."
"ဟုတ်တယ်နွယ်လေး။အဲ့ဒါမမနှင်းတို့ဒီနေ့ ကြာပန်း ကန်သွားမယ့်ကိစ္စကိုဖျက်မယ်ဆိုတာ ကလေးကိုလှမ်းပြောတာ"
ဤသို့စိတ်ငြီးငြူဖွယ်အခြေနေဖြစ်နေသော်လည်း မမနှင်းမြူဆီမှ ကလေးဟုအခေါ်ခံလိုက်ရ၍ ပြုံးစပ်စပ်ဖြစ်သွားသည်ကိုတော့နွယ်မညာပါလေ။
"အာမဟုတ်တာဘဲမမနှင်းကလည်းအခြေနေကဒီလိုဖြစ်နေတာကြာပန်း ကန်ကိစ္စကထားထားလို့ရပါတယ် မမနှင်းတို့ သပိတ်မှောက်ကြရင် နွယ်လည်းလိုက်မယ်လေ အခုသွားကြမှာလားဟင်"
"အာအန္တရာယ်များပါတယ်ကလေးရယ်မလိုက်ပါနဲ့နွယ်လေးကအိမ်မှာအစစအရာရာဂရုစိုက်ပြီးနေပါ။ဒီနေ့တော့မသွားသေးဘူးခန့်မှန်းခြေ မနက်ဖြန်၊ သန်ပါတ်ခါလောက်"
"မရပါဘူးကွာ ဒီကိစ္စကနွယ်နဲ့လည်းဆိုင်တာဘဲကိုမမနှင်းကလည်းနွယ်လိုင်ပါရစေနော် နွယ့်ရင်ထဲရှိနေ ခံပြင်နေသမျှအရာကြီးကို ထုတ်ဖော်ပစ်ချင်လို့ပါ"
တစ်ဖက်ကသက်ပြင်းချသံခပ်တိုးတိုးကြားရသည်။"အခုမမနှင်းကိုအတွေးများအောင်လုပ်လိုက်မိတာပါလား နွယ်နင်ဘယ်လိုလူလဲ ကျစ်ကွာ" ဟုတွေး၍အလိုက်သိ အတွေးများကိုလမ်းစဖြတ်ကာ
"မမ အဆင်မပြေရင်နွယ်...မလိုက်တော့ပါဘူး နွယ်ကြောင့် တအား‌အတွေးမရှုပ်ပါနဲ့"
"မဟုတ်ပါဘူးနွယ်ရာမမနှင်းကအဆင်မပြေလို့မဟုတ်ဘူးနွယ့်ကိုစိတ်ပူလို့စခ‌ေတွက‌ေပြာမရဘူး အပစ်အခတ်‌ေတွရှိချင်ရှိလာနိုင်တယ်အဓိကကဒါဘဲ"
(ဒီလိုမသိမသာစကားလုံးတွေကဘဲ နွယ်စိတ်ထဲလှပ်သလိုလေးဖြစ်ခဲ့တယ်လို့ဆိုရမယ် နွယ်ဤသို့မမနှင်းအပေါ်ခံစားချက်ရှိမိတာ မမနှင်းသာသိမည်ဆိုလျှင်တစ်ခါထဲလမ်းပွင့်ရက်သားဖြစ်ခါနွယ်ဖွင့်ပြောဖြစ်မည်ထင်သည် မမနှင်းရယ်...)
"ဒါဆိုဒီလိုလုပ် မမတို့သွားကြတဲ့ပထမရက်ကတော့မလိုက်သေးနဲ့ နောက်ရက်ထပ်သွားရင် အခြေအနေကြည့်ပြီးမမနွယ့်ကို လာခေါ်မယ်ဟုတ်ပြီလား"
နွယ်ငြိမ်နေ၍ထင်မမနှင်းကဆီးပြော၏။ နွယ်လည်းတစ်ဖက်အတွေးများမှရုန်းထွက်ကာ မမနှင်းကိုဂရုစိုက်ဖို့ပြောရင်းထိုအစီအစဉ်ကိုလက်ခံလိုက်သည်။
>>>>>>>>>>
2021 :Feb 8

You've reached the end of published parts.

⏰ Last updated: Sep 11 ⏰

Add this story to your Library to get notified about new parts!

နွေဦးမှာကျတဲ့နှင်းမြူWhere stories live. Discover now