Unicode
အစ်ကိုလည်း လူပါဘဲ ညီမငယ် ကိုယ်မြတ်နိုးရတဲ့မင်းရဲ့နှုတ်ခမ်းပါးလေးတွေကနေ "အစ်ကို့ကိုမလိုချင်တော့ဘူး" ဆိုတဲ့စကားကိုကြားရတာ သိပ်နာကျင်ဖို့ကောင်းတာ ချာတိတ်သိလား မင်းမကြိုက်ရဲ့ကိုယ့်ရဲ့အကျင့်တွေကိုလည်းကိုယ်အတတ်နိုင်ဆုံးပြင်ပေးနေရဲ့နဲ့ မင်းကသိပ်ရက်စက်တာဘဲ ဘာဘဲဖြစ်ဖြစ် မင်းရဲ့နှုတ်ခမ်းပါးလေးတွေကိုအစ်ကိုလွမ်းနေဆဲပါ "ပန်းပဲခူးခူးလမ်းပဲကူးကူးဂရုစိုက်ပါ" အစ်ကိုသိတဲ့နွေမဟုတ်တော့တဲ့နွေ...
(ညီသက်ထက်)
ညီမလေ အစ်ကို့ကို အရမ်းမုန်းတာဘဲ သိလား မညာတမ်းဝန်ခံရရင်တော့ အစ်ကိုနဲ့သက်ဆိုင်တဲ့ အငွေ့အသက်တွေရရင် လူကအခုထက်ထိရင်တွေခုန်ပြီး ခြေဖျားလက်ဖျားတွေအေးစက်တဲ့ထိ စိတ်လှုပ်ရှားမိနေဆဲပါ အစ်ကို့မျက်ဝန်းညိုတွေကိုသိပ်လွမ်းတယ်...
(နွေနှောင်းရစ်သမ်)
အတိတ်ကိုပြန်သွားမိရင် ပြန်ထွက်ဖို့ခက်တယ်တဲ့ ကျွန်တော်ကတော့ အဲ့အတိတ်ကိုဘဲအမြဲသတိရနေတာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ "အရင်လူက အရင်နေရာမှာဘဲရှိနေတာ" သူငယ်ချင်းထက်ပိုခဲ့တဲ့အမှတ်တရတွေရှိတဲ့အတိတ်မှာကျွန်တော်ရှိနေပါတယ်...
(သွင်ဦးစေတန်)
မောင့်စီကမျှော်လင့်ချက်တွေရတဲ့အခါအမှတ်မရှိသူအဖြစ်နဲ့စုံလုံးကန်းကာယုံမိနေဆဲပါ မောင့်စီကနာကျင်စရာတွေရတဲ့အခါမှာလည်း မောင့်ကိုစိတ်မနာနိုင်ဘဲ မျက်ရည်တွေကြားကခွင့်လွှတ်မိဆဲပါလေ မောင်သိပ်ချစ်တဲ့ ဟိုအမျိုးသမီးငယ်လေးလို သတ္တိရှိပြီး မောင့်အပေါ် ပြတ်သားနိုင်ချင်တယ်...
(ခင်သက်နွေ)
မြို့တစ်မြို့ရဲ့ နာမည်ကိုကြားလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတဲ့ သူစိမ်းတစ်ယောက်ရှိခဲ့ဖူးတယ် တကယ်တော့ အဲ့ဒီလူဟာ တစ်ချိန်က ကျွန်တော့်ဘဝရဲ့ အရေးအပါခဲ့ဆုံးလူပါဘဲ မင်းကမမှတ်မိပေမယ့် ကိုယ်မင်းကိုသိပ်ချစ်တယ်နွေ...
(ကောင်းခန့်စေညွှန်)
"ခွဲခွာခြင်းတိုင်းဟာ မချစ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ချစ်ခဲ့ကြတယ် မျှော်လင့်ခဲ့ကြတယ် အိမ်မက်မက်ခဲ့ကြတယ်"တဲ့ တစ်ခါလောက် ထပ်တွေ့ခွင့်ရခဲ့ရင် မတည်နိုင်တဲ့ကတိတွေပေးခဲ့မိတဲ့အတွက် တောင်းပန်ချင်ပါတယ်...
YOU ARE READING
"အပိုင်ရပြီထင်သော နေ့စွဲများအား ပြန်လည်သတိရလျက်" (Uni & Zawgyi)
Romance"မင်းရဲ့နှုတ်ခမ်းပါးလေးတွေကိုအစ်ကိုလွမ်းနေဆဲပါ အစ်ကိုသိတဲ့နွေမဟုတ်တော့တဲ့နွေ"...(ညီသက်ထက်) "အစ်ကို့မျက်ဝန်းညိုတွေကိုသိပ်လွမ်းတယ်"...(နွေနှောင်းရစ်သမ်) "သူငယ်ချင်းထက်ပိုခဲ့တဲ့အမှတ်တရတွေရှိတဲ့အတိတ်မှာကျွန်တော်ရှိနေပါတယ်"...(သွင်ဦးစေတန်) "မောင်သိပ်ချစ်...