Unicode

349 23 2
                                    

"ထယ်ယောင်း"

နာမည်ခေါ်သံကြောင့် လှမ်းကြည့်လိုက်တော့ နှစ်ယောက်မရှိနိုင်သည့် တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်း ဂျီမင်။

ထယ်ယောင်း လက်ပြကာ အနားသို့ လာဖို့ခေါ်လိုက်သည်နှင့် လှစ်ခနဲ ရောက်လာသည်။

"အဆင်ပြေရဲ့လား"

ငိုထား၍ မို့နေသော မျက်လုံးများကြောင့် ဂျီမင် မေးလာခြင်းကို ထယ်ယောင်း ခေါင်းညိတ်ကာ အဆင်ပြေကြောင်း ဖြေလိုက်သည့်အခါ ဂျီမင်က ပခုံးအား လက်ဖဝါးဖြင့် ခပ်ဖွဖွပုတ်ပေးကာ နှစ်သိမ့်ပေးလေသည်။

အဖေနှင့်အမေ ကားမတော်တဆဖြစ်ပြီး ဆေးရုံရောက်နေသည့် ဖုန်းဝင်လာပြီးနောက် ထယ်ယောင်း မနည်းအားတင်းကာ ဆေးရုံသို့လာခဲ့ရသည်။

တစ်ဦးတည်းသော သူငယ်ချင်းဂျီမင် မရောက်မချင်း တစ်ယောက်ထဲ အထီးကျန်စွာ ငိုကြွေးနေခဲ့ရပေမယ့် သူငယ်ချင်းရောက်လာသည့်အခါ အားတွေရှိလာပါသလို။

"လူတိုင်းရဲ့ဘဝမှာ အချစ်ဆုံးသူငယ်ချင်းဆိုတာမျိုးက ရှိကိုရှိသင့်တဲ့အရာမျိုး"ဆိုသည်ကို ထယ်ယောင်း လက်ရှိကြုံတွေ့နေရသည့် ဝမ်းနည်းမှုများကြောင့် လက်ခံမိသည်။

ခွဲခန်းထဲဝင်နေရသော အဖေနဲ့အမေအတွက် သူနှင့်အတူတူ ဂျီမင်လည်း အဖော်ပြု ဆုတောင်းပေးနေသည့်အတွက် ထယ်ယောင်း ပို၍ပင် အားများရှိလာသည်။

ခွဲခန်းတံခါးတို့ပွင့်သွားသည်နှင့် ထွက်လာသော ခွဲစိတ်ဆရာဝန်များအား မြင်သည်နှင့် ထယ်ယောင်းမှာ မျက်ရည်တို့ ဆက်တိုက်ကျလာသည်မို့ ဂျီမင်မှာ ပခုံးအား ဖက်ပေးထားကာ နှစ်သိမ့်ပေးနေရသေးသည်။

ခွဲခန်းမှ ထွက်လာသော ဆရာဝန်နှစ်ယောက်လုံးကပင် ကြောင်တောင်တောင်ဖြင့်ကြည့်နေမိပြီးမှ ဆရာဝန်တစ်ယောက်က ချောင်းတစ်ချက်ဟန့်ကာ အရှိန်ယူ၍ စိတ်မပူရန် ပြောရလေသည်။

"စိတ်မပူပါနဲ့ ညီလေး အဖေနဲ့အမေက အသက်အန္တရာယ်မစိုးရိမ်ရပါဘူး၊ မှန်ကွဲစတွေ စိုက်နေခဲ့တာပေမယ့် အနက်ကြီးမဟုတ်လို့ အရမ်းစိတ်ပူစရာမလိုတော့ပါဘူး..ဒါပေမဲ့.."

First Love (Completed)Where stories live. Discover now